Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Thursday, June 21, 2012

ဒုက္ခသည်များနေ့ ထိုင်းကျောင်းသားများ အခမ်းအနားတက်ရောက်လေ့လာ


ယနေ့ ဇွန်လ၂၀ရက်နေ့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့ရဲ့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားကို ခါတိုင်းနှစ်တွေ ကျင်းပတဲ့ အခမ်းအနားတွေထက် ဒီနေ့မှာတော့ ထူးထူးခြားခြား ထိုင်းနိုင်ငံမှ ကျောင်းသူ/သားတွေက တက်ရောက်လေ့လာနေကြတယ်လို့ အခမ်းအနားကို တက်ရောက်တဲ့ NGO ဝန်ထမ်းတဦးက ပြောပါတယ်။

မယ်ဟောင်ဆောင် ဒု-မြို့ဝန်ကနေ သဘာပတိပြုလုပ်ပေးတဲ့ အခမ်းအနားကို မယ်ဟောင်ဆောင်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ အတူ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ကိုယ်စားပြု အာဏာပိုင်တွေ တက်ရောက်ကြပါတယ်။


ကမ္ဘာ့အနှံ့မှာ ရှိနေကြတဲ့ ဒုက္ခသည်တွေဟာ မိမိနိုင်ငံတွေကနေ ထွက်ပြေးနေကြရတယ် ဆိုတာတွေကို ကမ္ဘာကသိရှိစေရန် ရည်ရွယ်ပြီးယခုလို ကျင်းပနေကြရခြင်း ဖြစ်တယ်လို့ မယ်ဟောင်ဆောင်အခြေစိုက် UNHCR အကြီးအကဲ တဦးဖြစ်တဲ့ Protection Officer Naeem J.durrani ကပြောပါတယ်။
“ဒီဒုက္ခသည်တွေ အနေနဲ သူတို့ရဲ့နိုင်ငံအနေနဲ့ စွန့်ခွာလာရတဲ့ အကြောင်းရင်းက လူတွေအတော်များများက မသိကြပါဘူး တကမ္ဘာလုံးက လူတွေ နားလည်ဖို့အတွက် ကျနော်တို့တတွေ စည်းရုံး လုပ်ဆောင်နေရခြင်းပဲ ဖြစ်ပါတယ်။”

ဇွန်လ ၁၂ ရက်နေ့က အမှတ် (၁) ကရင်နီဒုက္ခသည်စခန်းမှာ ဒုက္ခသည်များနေ့အကြို ကျင်းပတဲ့ အခမ်းအနားချိန် Protection Officer Naeem J.durraniက ပြောသွားခြင်း ဖြစ်ပါတယ်။ အခမ်းအနားမှာ ကျောင်းသား/သူတွေနဲ့ မိဘပြည်သူတွေ နှစ်ထောင်ကျော် လောက်တက်ရောက်ခဲ့ ကြပါတယ်။
လက်ရှိမယ်ဟောင်ဆောင်ခရိုင်အတွင်းမှာ တည်ရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ဒုက္ခသည်စခန်းမှာ လူဦးရေ ၁၄၀၀၀ ကျော်ရှိပြီး အမှတ် (၂) မှာတော့ ၃၀၀၀ ကျော်ရှိပါတယ်။
copy rights_http://www.ktimes.org

No comments:

Post a Comment