နော်ဝေးမှ မြန်မာအား ဒေါ်လာသန်း (၇၀) ကူညီမည်
   
       
        
     Thursday, 28 June 2012 16:05    
        
    
      
      
   
“ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ အတွက် ကျနော်တို့နဲ့ လာတွေ့တာပါ။ 
တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အစိုးရဘက်က မလုပ်ပေးရသေးဘူး။ လက်ရှိ 
တိုင်းရင်းသားတွေ ဘက်က ရင်ဆိုင် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ၊ အစိုးရအပေါ် 
ထားရှိတဲ့ သဘောထား တွေနဲ့ အစိုးရက တိုင်းရင်းသားတွေ အပေါ် ထားတဲ့ 
သဘောထားတွေကို တိုင်းရင်းသား တွေဘက်က ဘယ်လို မြင်လဲ ဆိုတာကို တင်ပြ 
ဆွေးနွေး ဖြစ်ကြတယ်” ဟု UNFC ဒုဥက္ကဌ အေဗရယ်တူး ကပြောပါသည်။
အကူအညီ ပေးသော ငွေထဲ၌ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ဒေါ်လာ (၅) သန်းခန့်ကို အသုံးပြုသွားမည် ဖြစ်ပါ သည်။
အဆိုပါ ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ EBO ရုံး၌ 
ယမာန်နေ့ နံနက် ၁၀ နာရီချိန်တွင် ပြုလုပ်ခဲ့ပြီး UNFC မှ အဖွဲ့ဝင် 
တိုင်းရင်းသား အဖွဲ့အစည်း (၆) ဖွဲ့ဖြစ်သည့် မွန်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊ 
လားဟူ၊ ပအိုဝ်း အဖွဲ့တို့မှာ ကိုယ်စားလှယ် (၆) ဦးတို့ တက်ရောက် ခဲ့ကြသည်။ 
KNU မှာမူ ဝန်ကြီး ဦးအောင်မင်းနှင်း မဲဆောက်မြို့၌ ဇွန်လ (၂၆) ရက်နေ့တွင် 
တွေ့ဆုံ ခဲ့သဖြင့် ယခု တွေ့ဆုံပွဲသို့ ကိုယ်စားလှယ် မစေလွှတ် 
နိုင်ခဲ့ကြောင်း UNFC မှ ဆိုပါသည်။
ထိုင်းနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ် ဟာညူချမ် ခလိုရိုသည်၊ 
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဖေါ်ဆောင်ရန်အတွက် နော်ဝေး 
နိုင်ငံက အထူးတာဝန် ပေးအပ်ထားခြင်း ခံရသူ ဖြစ်ပါသည်။ ဤသို့ကြောင့် 
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရှေ့ဆက် လုပ်ငန်းစဉ်များ အ ခိုင်အမာ 
ချမှတ်နိုင်ရန် ဘက်ပေါင်းစုံ လေ့လာသည့် အနေဖြင့် UNFC 
ကိုယ်စားလှယ်များနှင့် ယခုလာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း UNFC မှ 
ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံနေသော နော်ဝေးလူထုမြင်ကွင်း
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပြည်ထောင်စု အဆင့် 
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းသည်၊ ပြီး ခဲ့သည့် 
ဧပြီလ (၁၇) ရက်နှင့် (၁၈) ရက်နေ့များတွင် အဖွဲ့ဝင် (၆) ဦးနှင့်အတူ 
နော်ဝေးနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ ထိုခရီးစဉ်၌  သူ သည်၊ နော်ဝေးအစိုးရ
 ဝန်ကြီးများနှင့် NGO အဖွဲ့များကို တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြုပြင် 
ပြောင်းလဲရေး လုပ်ငန်းစဉ် များအတွက် အကူအညီ များ ပေးကြရန် 
တင်ပြတောင်းဆိုခဲ့ပါသည်။
နော်ဝေးနိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stare နှင့် ဒေသတွင်း 
ဖွံ့ဖြိုးရေးဝန်ကြီး Liv Signe Navarsete တို့သည် မြန်မာပြည် ငြိမ်းချမ်း 
ရေးလုပ်ငန်းစဉ်များနှင့် စစ်ပြေးဒုက္ခသည် အရေးတို့ကို အဓိကထား 
ကူညီသွားမည့်အပြင် ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ ကူညီသွားမည်ဟု 
 ဦးအောင်မင်းကို ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် ဟာညူချမ် ခလိုရိုသည် 
မြန်မာပြည်သို့ ယနေ့သွားရောက်မည် ဖြစ်ပြီး ပြည်တွင်းရှိ တိုင်းရင်းသား 
အဖွဲ့အစည်းများနှင့် တစ်ဖွဲ့ချင်းစီ သွားရောက် တွေ့ဆုံရန် အစီအစဉ်ရှိပါသည်။
 ထို့အပြင် ထောက်ပံ့ကူညီမှုများလည်း ပေးအပ်ဖွယ် ရှိ သည်ဟုUNFC 
ပြန်ကြားရေးရုံးမှ တာဝန်ခံတဦးကပြောပါသည်။
“ကျွှန်တော်တို့နဲ့ တွေ့ပြီး ဒီနေ့ဆို သူရန်ကုန်သွားမယ်၊ ပြီးတော့ KNU 
ရဲ့ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့ အခြေနေ၊ တခါကျောက်ကြီးမှာ ကရင်ပြည်သူ 
လူထုတွေကို နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးနေတဲ့ အခြေအနတွေ 
သွားကြည့်ပါလိမ့်မယ်၊ နောက် မွန်ပြည်သစ်ပါတီနဲ့ တွေ့မယ်၊ ကချင် 
ဒုက္ခသည်ကိုလည်း သွားကြည့်မယ်၊ အပစ်ရပ်ထားတဲ့ အဖွဲ့ စုစုပေါင်း (၁၁) 
ဖွဲ့ပေါ့ဗျာ အဲဒါ သွားကြည့်မယ်၊ ပြီးတော့မှ ငွေကြေး ထောက်ပံ့မှုတွေ 
ပေးအပ်ရန် ရှိပါသည်။
သို့သော် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည်စခန်း (၉) ခုမှ 
မြန်မာဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စကိုမူ လောလောဆယ် ဆောင်ရွက်ရန် အစီစဉ် 
မရှိသေးကြောင်း၊  လိုအပ်နေသည့် အကူအညီများကိုမူ သက်ဆိုင်ရာ NGO 
အဖွဲ့အစည်းများနှင့် ညှိနှိုင်း တိုင်ပင်၍ ဆက်လက် ထောက်ပံ့သွားရန် 
ရှိကြောင်းဆိုပါသည်။ 









