ငွေရတုအကြို ၈၈၈၈အရေးပုံ ၂၄နှစ်ပြည့် နှစ်ပါတ်လည်ပွဲအတွက် ပြင်ဆင်နေတာပါ
Tuesday, August 7, 2012
သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ပြည်ထောင်စု အစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောကြား
Photo : https://www.facebook.com/88GenerationStudents
ပြည်ထောင်စု ၀န်ကြီးနှစ်ဦးဖြစ်သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈
အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက်
ပြင်ဆင်နေချိန်တွင် အခမ်းအနား ကျင်းပမည့် မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမ
ဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင် ဆရာတော်များကို
ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့်
ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook
စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံး
အခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန်
နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့်
လာရောက်ခဲ့
ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့
အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား
ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို
ဝန်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ
ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ်
ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက် ကျောင်းသားများမှ ရှစ်လေးလုံး
နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကော်မတီသို့ ဆက်လက်လွှဲပြောင်း
ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး
နှစ်ဦးသည် ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်မှ ပြန်လည်
ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
Copy from - Eleven Media Group













No comments:
Post a Comment