Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Monday, October 1, 2012

၂၀၁၂ ခုနှစ် တိုကျို မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်







၂၀၁၂ ခုနှစ် စက်တင်ဘာလ(၃၀)ရက်။


မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၃၀)ရက်နေ့ တိုကျိုမြို့ KIBA ပန်းခြံ ၌ နံနက် ၁၁း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ့ရိုးရာ သီတင်းကျွတ် ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ရိုးရာအစဉ်အလာအတိုင်း ကျင်းပပြုလုပ်လာခဲ့ကြပြီး ကျင်းပရခြင်း ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဥက္ကဌ ဦးလှဟန်မှ ရှင်းလင်း တင်ပြပြီးသည့်နောက် သီတင်းကျွတ်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါသည်။
သီတင်းကျွတ်ပွဲတော်မှာ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ အစီအစဉ်များပါ တင်ဆက်သွားခဲ့ကြပြီး မြန်မာတိုင်းရင်းသား ရိုးရာ အစားအသောက် မျိုးစုံ စုံလင်စွာဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ သွားကြကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ ခေတ္တရောရှိလာသော ABSDF ဥက္ကဌ ရဲဘော်သံခဲမှ သီတင်းကျွတ်ပွဲတော် အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သီတင်းကျွတ်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်း ဖေါ်ထုတ်သွားရန် ဖြစ်ကြောင်းနှင့် တက်ရောက် အားပေးခဲ့ကြသူများကို NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ တက်ရောက်လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ သီတင်းကျွတ် ပွဲတော်၌ " မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်" အတွက် အလှူငွေ ယန်း ၁၂၀၀၀ ကျော် ကောက်ခံရရှိကြောင်းလဲ သိရှိရပါသည်။
တိုကျိုသီတင်းကျွတ်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ စုစုပေါင်း (၄၀၀) ခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲ တာကိုတွေ့ ရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Moe Min Thu

No comments:

Post a Comment