Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, October 26, 2012

ဆူးလေစေတီတော်ရင်ပြင်မှာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုစည်းပြီး အကြမ်းဖက်မှုအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ရုပ်သံသတင်း



ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၁း၀၀ နာရီမှ စတင်ပြီး ရန်ကုန်မြို့ ဆူးလေ စေတီတော်ရင်ပြင်မှာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုစည်းပြီး အကြမ်းဖက် ဘင်္ဂါလီ ကျူးကျော်သူများကြောင့် ရခိုင်ပြည်သူလူထု တရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု ကင်းမဲ့နေသည့်အပေါ် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါသည်။ လက်ရှိ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သတ်ပြီး ဘင်္ဂါလီ ကျူးကျော်သူများအပေါ် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထား တည်ဖို့ကို အဓိကထား တောင်းဆိုထားပြီး၊ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီ လူမျိုးများကို အခုချက်ချင်း မောင်းထုတ်ဖို့၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် မောင်တော လွှတ်တော်ကိုယ်စားလှယ်နှင့် ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် လေးယောက်ကို နိုင်ငံသားဖြစ်မှု ဟုတ် မဟုတ် စစ်ဆေးပေးဖို့ စသည့် အချက်များကိုလည်း တောင်းဆိုခဲ့ကြပါသည်။
နေ့လယ် ၁း၃၀ နာရီအချိန်မှာတော့ ဆူးလေ စေတီတော်ရင်ပြင်မှနေ မြို့တော်ခန်းမရှေ့သို့  သွားရောက် ခဲ့ကြပြီး ဆက်လက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
Copy from - BurmaVJMedia

No comments:

Post a Comment