Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, December 7, 2011

KIA မုန်းကို ၀င်စီးမှုတွင် မြန်မာအစိုးရ တပ်ရင်းမှုးအပြင် ၁၇ ဦးကျ

06 Dec 2011

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မုန်းကိုမြို့မှ မြန်မာအစိုးရ စစ်ဗျူဟာကုန်းနှင့် ရဲစခန်းအား ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)မှ ဒီဇင်ဘာ ၅ ရက်၊ တနင်္လာနေ့ မနက် အစောပိုင်း ၀င်စီးခဲ့ရာ ရဲနှင့် စစ်သား စုစုပေါင်း ၁၈ ဦး ကျဆုံးကြောင်း မျက်မြင်များ ပြောသည်။

ပထမဆုံး KIA ၏ မြို့တွင်း ၀င်စီးတိုက်ခိုက်မှုသည် နံနက် ၁ နာရီတွင်စတင်ပြီး ၄၅ မိနစ် ကြာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများဆိုသည်။

သေဆုံးသူများထဲ ညီခွမ်း-ချင်းရွှေဟော် နယ်မြေခံ ခလရ (၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးမောင်မောင်မျိုး ပါဝင်ကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်သည်ဟု KIA အရာရှိများပြောသည်။

တိုက်ပွဲကြောင့် ဗျူဟာကုန်း အတွင်း နေအိမ်အချို့နှင့် ရုံးခန်းအချို့ ပျက်ဆီးသည်ဟု ဒေသခံများ ပြောသည်။

ယခု ၀င်စီးမှုအား ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၆ နှင့် ၃၈ မှ တပ်သားများ ပြုလုပ်ခြင်းဖြစ်သည်။


KIA ဘက်မှ တပ်ရင်း ၃၆ မှ တပ်ကြပ် ဆွမ်လွတ်ဂမ်ဆိုင်း ကျဆုံးသည်ဟု KIA အရာရှိများ အတည်ပြုသည်။

ထိုတိုက်ပွဲကြောင့် မြန်မာအစိုးရတပ် စစ်ကူ ယာဉ်တန်းများ မူဆယ် ၁၀၅ မိုင်ဂိတ်မှ မုန်းကိုသို့ ချီတက် လာသော်လည်း ထိုနေ့ညနေပိုင်းအထိ ရောက်မလာကြသေးဟု ဆိုသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန

No comments:

Post a Comment