Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, December 14, 2011

ဒီကေဘီအေနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ တို့ လက်မှတ်ရေးထိုး

images_02ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ ကလို့ထူးဘော အဖွဲ့ နှင့် ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ တို့သည်၊ ပြီးခဲ့သည့် ဒီဇင်ဘာ (၃) ရက်နေ့က ကရင်ပြည်နယ် ဖါးအံမြို့ ၌  ငြိမ်းချမ်းရေး သဘော တူညီချက်တရပ်ကို လက်မှတ်ရေးထိုး ခဲ့သည်ဟု ဒီကေဘီအေဖက်က ဒီနေ့ထုတ်ပြန်ခဲ့ပါသည်။
လက်မှတ်ရေးထိုးပွဲတွင် အချက် (၆) ချက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြောင်း နှင့် ဖြစ်ပေါ်လာသည့်ပြသနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း သဘောတူကြပါသည်။
သဘောတူညီချက်များမှာ-
(၁) ၂၀၁၁ ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့က ကရင်ပြည်နယ် ငြိမ်းချမ်းမှု တည်ဆောက်ရေးအဖွဲ့ ဒီကေဘီအေ ကလို့ထူးဘော အဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမသဘော တူညီ ချက်ကို အတည်ပြုရန် သဘောတူသည်။
(၂) ကရင်ပြည်နယ်သည်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အရေးပါသော အစိပ်အပိုင်းတခုဖြစ်သည်။ ကရင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရန် သဘောတူသည်။
(၃) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အချာတည်တန့် ခိုင်မြဲရေးတို့ကို  ထာဝစဉ်စောင့်ရှောက်ရန်၊ သဘောတူသည်။
DKAung
ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနှင့်
 ဗိုလ်မှူးချုပ် စောလားပွယ်နှုတ်ဆက်နေပုံ
(၄) ဆုံစည်းမြိုင်ဒေသတွင်၊ ယာယီအခြေပြု၍ စုကလိဒေသတွင် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ ကလို့ထူးဘော အဖွဲ့ ဝင်များ နှင့် မိသားစုများ အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ လူမှုဘ၀မြှင့်တင်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ အစိုးရနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန် သဘောတူသည်။
(၆) မူးရစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်ရေးအား၊ ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။
(၆) ဆက်လက်ပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူသည်။

copy rights_http://www.phophtaw.org/

No comments:

Post a Comment