Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, March 17, 2012

BGF မှ ဒီကေဘီအေ ကလို့ထူးလားပိုင်ကားကိုပစ်ခတ်

DKBAယနေ့မနက် (၄) ခန့်တွင် အမှတ် (၁၀၁၂) အစိုးရနယ်ခြားစောင့်တပ်(BGF)က မြိုင်ကြီးငူအနီးရှိ ရင်းပိုင်တံတားထိပ်၌ ဒီကေဘီအေ ကလို့ထူးလားပိုင် ကားတစီးကို ပစ်ခတ်ရာ တဦးသေဆုံးပြီး တဦးပျောက်ဆုံးနေသည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး လုံ့လုံကဆိုပါသည်။
“ ဒီလိုပါဗျ။ သေဆုံးသူက BGF  (၁၀၁၉) က ဗိုလ်တင်ညွန့်ဖြစ်တယ်။ သူကကားကြုံ စီးလာတာဖြစ်တယ်။ သူတ ပည့်တယောက် ပျောက်နေတယ်။ ကားကတော့ ဒီကေဘီအေ ကလို့ထူးလားပိုင် ကားပါဗျ။ မောင်းသူက အရပ်သား ဗိုလ်တင်ညွန့်ရဲ့ ညီလေး ဖြစ်နေတယ်။ ကျနော်တို့ စဉ်းစားနေရတာက ဒီကားဟာ ကျနော်တို့ ဒီကေဘီအေ ကလို့ထူးလား တပ် မှူးတဦးဖြစ်တဲ့ ကန်ညီနောင် ဗိုလ်မှူးမောင်လေးရဲ့ ကားဆိုတော့ သူကို့ရည်ရွယ်ပြီး ပစ်လိုက်တာလား စဉ်းစားစရာဖြစ်နေ တယ်။” လို့ ဆိုပါသည်။
ယခုပစ်ခတ်မှုတွင်  BGF (၁၀၁၂) မှ ဒုရင်းမှူး ဗိုလ်မှူး သောဘိုး၏ လက်ချက်ဖြစ်ဖွယ်ရှိသည်ဟု ဒီကေဘီအေဖက်က ယူဆ နေပါသည်။ ဤကဲ့သို့ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက်  ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ဒီကေဘီအေ ကလို့ထူး ဘောတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင်လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။
DkbA
ဒီကေဘီအေနှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဆွေးနွေး (ဓါတ်ပုံ DKBA)
ယင်းသဘောတူညီချက်နံပါတ် (၇)တွင် တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာတ စုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက်ဖြင့် မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေ ရှင်းသွားရန် သဘောတူသည်ဟု ပါရှိခဲ့ပါသည်။
လက်ရှိပြသနာ၌လည်း ဒီကေဘီအေ ကလို့ထူးလား တပ်မှူးဗိုလ်မှူး ကန်ညီနောင် မောင်လေးကို တမင်ပစ်ခတ်ခြင်း ဟုတ် မဟုတ်၊ ဒီကေဘီအေဖက်က စုံစမ်းနေပါသည်။ ဤကဲ့သို့ ပြသနာမျိုး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းကလည်း မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ်ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူး လား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံ ရေးအရ ပြန်မလှည့် လိုတော့သဖြင့် ဖြေရှင်းနေချိန်တွင် ဒီကေဘီအေအပေါ် BGF က သံသယဖြစ်ခဲ့ဘူးပါသည်။
ဤသို့ကြောင့် အစိုးရ BGF တပ်ဖွဲ့တို့သည်၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က မြိုင်ကြီးငူရှိ DKBA တပ်ဖွဲ့ထံမှ လက် နက် (၃၂) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ဖေဖေါ်ဝါရီ (၂၄) ရက်၌ ပြန်လည်ပေးအပ်ခဲ့ရ ပါသည်။  ဤကဲ့သို့သော နှစ်ဖက် ဆက်ဆံရေး အခြေအနေကြောင့် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် မြိုင်ကြီးငူဒေသ လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က လက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ပါသည်။
copy rights_http://www.phophtaw.org/burmese/index.php/news/local-news/1246-bgf-.html

No comments:

Post a Comment