တိုကျိုတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲ အခမ်းအနား
၂၀၁၂ ခုနှစ် မတ်လ (၁၃)ရက်။
၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို
ဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား
ကိုဖုန်းမော် ကျဆုံးခဲ့သည့် ၂၄ နှစ် ပြည့် နှစ်ပတ်လည်နှင့် မြန်မာနိုင်ငံ
လူအခွင့်အရေးနေ့  အထိမ်းအမှတ် ချီတက်တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး
ကော်မတီ(JAC) ဦးစီး၍ ယနေ့ နေ့လည်တွင် ကျင်းပ ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင် အသီးသီးတို့၌ ယုံကြည်ချက်ကြောင့်
နိုင်ငံရေးအကျဉ်းသားများ မတရားဖမ်းဆီးခံ ထိမ်းသိန်းခံထားရဆဲ ဖြစ်ကြောင်း
တိုင်းရင်းသားဒေသများသည်လဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ကြောင်း
ဂျပန်ပြည်သူများ သိရှိစေရန်နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ပိုမို
အားပေးကူညီ ဆောင်ရွက် လာရန်အတွက် ယနေ့ တောင်းဆို ချီတက်ဆန္ဒပြပွဲ
အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။
ကျန်ရှိနေသေးသည့်
နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်ပေးပြီး ဦးသိန်းစိန်အစိုးရ၏
လူ့အခွင့်အရေး ချိုဖောက်နေမှု့ ရပ်တန့်ရန် တနိုင်ငံလုံး အတိုင်းအတာဖြင့်
အပစ်အခတ် ရပ်စဲပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို
အမြန်ဖေါ်ဆောင်ပေးရန်၊ ပါသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့၏ ဆန္ဒ
သဘောထားပါ တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ချက်ကို တိုကျိုရှိ
မြန်မာ သံရုံးမှတဆင့် သမတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲသို့  အင်အား(၂၀၀)ကျော်ခန့်  ပူးပေါင်း ပါဝင် တက်ရောက် ခဲ့ကြပါသည်။
သတင်း မှတ်တမ်း၊ ဓါတ်ပုံ။ ။Moe Min Thu
သတင်း မှတ်တမ်း၊ ဓါတ်ပုံ။ ။Moe Min Thu










No comments:
Post a Comment