Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, April 17, 2012

KIO အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် Photo by - KIA-Jade Land
April 16, 2012
ရွေးကောက်ပွဲ ကာလတွင် ပြည်သူလူထု အထိတ်အလန့် ဖြစ်စေမည့်ကိစ္စများ မပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က KIO အဖွဲ့ကို တောင်းပန် ခဲ့ကြောင်း ဗိုလ်ချုပ် အက်စ်ဂွန်မော် ရုံးမှ အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။
KIO နှင့်အစိုးရကြား ဒေါ်စုကြည်က ကြားဝင် ညှိနှိုင်း ဆွေးနွေးပေးရန် သမ္မတဦးသိန်းစိန်ကို တင်ပြ ထားပြီး ဖြစ်ကြောင်း၊ KIO အဖွဲ့အနေဖြင့် တရုတ်နိုင်ငံကို အားမကိုးရင် အမေရိကန်နှင့် EU နိုင်ငံများ၏အထောက်အပံ့များ ရရှိအောင် သူမက လုပ်ဆောင် ပေးနိုင်ကြောင်း၊ NLD အာဏာ ရရှိလာရင် (သူသာသမ္မတ ဖြစ်လာရင်) တိုင်းရင်းသားများ လိုချင်သည့် Federal Union ကို ရအောင် လုပ်ပေး နိုင်ကြောင်း KIO သို့ ဆက်သွယ် ပြောကြားထားကြောင်း ဦးခွန်သာမြင့်ထံမှ သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆက်သွယ် ပြောကြားမှုကို KIO ဥက္ကဋ္ဌ ဦးအင်ဘန်လှနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အက်စ်ဂွန်မော် တို့က လက်ခံသော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က  လက်မခံကြောင်း၊ ဗိုလ်ချုပ်ဂမ်ရှောင်သည် ဧပြီ(၁၀)ရက်နေ့က တရုတ်နိုင်ငံ၊ မန်စီမြို့တွင် တရုတ် ထောက်လှမ်းရေး အဖွဲ့နှင့် တွေ့ဆုံပြီး KIO အဖွဲ့ကို အမေရိကန် နိုင်ငံက ဒေါ်စုကြည်ထံမှ တဆင့်အထောက်အပံ့များ ပေးမည့် ကမ်းလှမ်းမှု များရှိနေကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစစ်တပ်နှင့် KIO အဖွဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အချိန်ဆွဲ ထားပြီး အမေရိကန် အထောက်အပံ့ကို အသုံးချ၍ နိုင်ငံရေး ကစားကွက်အနေဖြင့် KIO အဖွဲ့အပေါ် သူမ သြဇာရှိ လာအောင် လုပ်ဆောင်နေကြောင်း ဗိုလ်ချုပ် ဂမ်ရှောင်မှ စွပ်စွဲ ပြောကြား ထားပါသည်။

ထိုကိစ္စ အတွက် KIO နှင့် KIA ခေါင်းဆောင်ပိုင်း သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး၊ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က စစ်ရေး အောင်မြင်မှု ရရှိမှသာ နိုင်ငံရေး ဆွေးနွေးမှုတွင် ကိုယ်လိုချင်တာ ရေရန် အတွက် စစ်ရေး အရှိန်မြှင့်ရန် အမိန့် ထုတ်ပြန်ထားပါသည်။

ဗိုလ်ချုပ် ဂမ်ရှောင်က ကချင်အရေး ကိစ္စတွင် အမေရိကန်နှင့် ဒေါ်စုကြည်တို့ ကြားဝင် ဆောင်ရွက် လာခြင်းကို တရုတ်အစိုးရမှ လက်မခံကြောင်း၊ စစ်ရေးအရ ရှုံးနိမ့်မှုများ ဖြစ်နေသော်လည်း KIA အဖွဲ့အနေဖြင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး သွားမည်ဖြစ်ကြောင်း၊ ဒေါ်စုကြည်ကို ပုဂ္ဂိုလ်ရေးအရ လေးစားသော်လည်း ကချင်လူမျိုးရေး ကိစ္စတွင် သူမရဲ့ ဦးဆောင်မှုကို မလိုလားကြောင်း မန်စီမြို့တွင် ကချင်မျိုးနွယ်စု ခေါင်းဆောင်များကို ထုတ်ဖော် ပြောကြားထားပါသည်။
သတင်းရင်းမြစ် - ဧရာဝတီ

No comments:

Post a Comment