မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Thursday, April 26, 2012
UNFC တိုင်းရင်းသားခေါင်းဆောင်များ ဂျပန်ခရီးစဉ်။
၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်။
ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ စည်း များဖြင့် ဖွဲ့ စည်းထားသည့့်UNFC တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ် များအား ယနေ့ ၂၅ရက် နေ့တွင် တိုကျို နာရိတာ လေဆိပ်သို့ ရောက်ရှိလာပြီး ညီညွတ်သော တိုင်းရင်းသားအဖွဲ့အစည်း(AUN-Japan) နဲ့ KNO-Japan တာဝန်ရှိ ကိုယ်စားလှယ်များ အဖွဲ့ သူ၊ အဖွဲ့ သား တို့မှ သွားရောက် ကြိုဆို ခဲ့ကြပါသည်။
တိုင်းရင်းသား ခေါင်းဆောင်များတို့၏ ခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ဒုတိယ ဥက္ကဌ ဖဒို စောဒေးဗစ်သာကဘောမှ ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူး(၂) ဗိုယ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟိုကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့ပါဝင်ပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျပန်လွတ်တော် အမတ်များတို့ကို သွားရောက်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောဆို ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သလို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ကိုလည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။
ဤခရီးစဉ်နှင့် ပတ်သက်၍ တိုကျို Yurakucho ရှိ The Foreign Correspondents' Club of Japan နိုင်းငံခြားသား သတင်းထောက်များ အသင်းရုံးသို့ UNFC ကိုယ်စားလှယ်များတို့မှ ဂျပန်ရှိ သတင်းမီဒီယာများတို့ကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ဓါတ်ပုံ။ ။ Moe Min Thu
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment