Friday, February 25, 2011
နယူးဒေလီမြို့  တွင် ချင်း ဒုက္ခသည် နှစ်ဦး ယာဉ်တိုက်ခံ ရပြီး သေဆုံး Click
ကရင်ပြည်နယ် တွင် စစ်ပြေး ဒုက္ခသည် စားဝတ်နေရေး ကြပ်တည်းနေ Click
KNU တပ်ဖွဲ့ မြို့ပြတိုက်ပွဲ စပြီ
ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော် ၃၄ ဦး ပြန်လွှတ်ရန် တိုကျိုရှိ အိန္ဒိယ သံရုံးရှေ့ ဆန္ဒပြ
၂၀၁၁ ဖေဖေါ်ဝါရီလ (၂၄)ရက်။
နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး
Thursday, February 24, 2011
ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်သားသစ် စုဆောင်း
ဒုတိယပင်လုံအရေးလှုပ်ရှားသူ ချင်းလူငယ် ၄ ဦးကို အာဏာပိုင်များ ဝန်ခံကတိထိုးခိုင်း
2011-02-22
ILO အဆင့်မြင့်အရာရှိအဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိ
2011-02-22
မိမိဆန္ဒ အလျောက် UWSA သို့ဝင်လျင် ဘတ်ငွေသောင်းချီ ပေးမည်ဟုဆို
ဖေဖေါ်ဝါရီလ 23 ရက် 2011 ခုနှစ်။
လူငယ် ၁ဝဝ ခန့် KIO ထံ ဝင်ရောက်လာဟု အရာရှိ ပြော
ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်။Tuesday, February 22, 2011
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၁)ရက်။
မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း ကျင်းပ ပြုလုပ်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဒုတိယ အကြိမ်မြောက် ကိုမင်းကိုနိုင် နှင့် ကျောင်းသား ခေါင်းဆောင်များ မတရား အဖမ်းဆီးခံ ကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆက်လက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ဆောင် သွားကြမည် ဖြစ်ပါသည်။
ယနေ့ ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပြီ အင်အား ၁၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ။ ။Moe Min Thu
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်RENGO(JTUC) တယ်လီဖုန်းဖြစ် ဆွေးနွေးခြင်း။
ထိုမေးခွန်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတွင် အားလုံးသော အဖွဲ့အစည်းများ ပါဝင်နိုင်ရေးသည် အရေးကြီးသည်။ ထိုမှသာလျှင် တည်ငြိမ်မှု ရှိနိုင်မည် ဖြစ်သဖြင့် အားလုံးပါဝင်နိုင်သည့် ပေါ်လစီအား ဂျပန်အစိုးရမှ ဆက်လက် ကြိုးပမ်း စေလိုကြောင်း၊
တက်ရောက်သူများ
သတင်းမှတ်တမ်း ။ Mai Kyaw Oo
စံပယ်တော်လှန်ရေး လှုပ်ရှားမှု တရုတ်အစိုးရ နှိမ်နင်း
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 20 ဖေဖော်ဝါရီ 2011
အရှေ့အလယ်ပိုင်းတခွင်မှာ ဖြစ်ပေါ်နေတဲ့ လူထုဆန္ဒပြပွဲတွေလို တရုတ်နိုင်ငံမှာလည်း ဒီမိုကရေစီရေးအတွက် စံပယ်တော်လှန်ရေး လုပ်ကြရအောင်ဆိုပြီး အင်တာနက်ကနေ နှိုးဆော်တာတွေကို အစိုးရက ခပ်မြန်မြန်ပဲ နှိမ်နင်းလိုက်ပါတယ်။
အာဏာပိုင်တွေက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီး၊ လမ်းတွေပေါ်မှာလည်း ရဲတွေ ပိုဖြန့်ချထားသလို ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားမြို့ကြီး ၁၁ မြို့မှာ ဆန္ဒပြပွဲတွေ လုပ်ကြဖို့ အင်တာနက်ကနေ နှိုးဆော်တာတွေကို ပိတ်ထားလိုက်တာပါ။
ဒီ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်အောင် နောက်ကွယ်ကနေ ဘယ်သူတွေက နှိုးဆော်နေကြလဲဆိုတာ ဘယ်သူမှ သိပုံမရပေမဲ့ အင်တာနက်မှာ နှိုးဆော်တဲ့စာ အများစုကတော့ အစိုးရနဲ့ သဘောထား ကွဲလွဲပြီး ပြည်ပမှာ အခြေချ နေထိုင်ကြသူတွေရဲ့ ဝက်ဘ်ဆိုက်တွေက လာတဲ့ပုံ ရှိပါတယ်။
တရုတ်အစိုးရကလည်း တူနီးရှားကနေ စံပယ်တော်လှန်ရေးအဖြစ် အစပြုပြီး အဲဒီကနေ အီဂျစ်၊ ပြီးတော့ အရှေ့အလယ်ပိုင်း တခွင်ကို ပျံ့နှံ့သွားတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ သတင်းဖော်ပြတာတွေကို အစိုးရက ထိန်းချုပ်ထားပါတယ်။ အင်တာနက်မှာလည်း အဲဒီအကြောင်း ရှာဖတ်လို့ မရအောင် ပိတ်ထားပါတယ်။
copy VOA News
Monday, February 21, 2011
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်။
သတင်းမှတ်တမ်းဓါတ်ပုံ။ Lian Kham Sum
တိုကျိုတွင် ကျင်းပပြုလုပ်သည့် (၆၃) နှစ်မြောက် ချင်းအမျိုးသားနေ့
Sunday, February 20, 2011
မေ့မရသေါ မမေ့သင့်သော အမျိုးသားခေါင်းဆောင်တယောက်အကြောင်း
တိုင်းရင်း အမျိုးသားနေ့များ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်စေလို
စီးပွားရေးပိတ်ဆို့မှုထောက်ခံတဲ့အတွက် ဒေါ်စုကိုတောင်းပန်ခိုင်း
စနေ, 19 ဖေဖော်ဝါရီ 2011
ဂီရိ ဒုက္ခသည်တွေအတွက် ဆော်ဒီမင်းသား ဒေါ်လာ ၅ သောင်း လှူဒါန်း
2011-02-19
ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစစ်တမ်းတွေအရ အဲဒီ ရခိုင်ဒေသတွေရဲ့ အိမ်ခြေ ခြောက်ဆယ် ရာခိုင်နှုန်းလောက်ကို ခုချိန်အထိ ပြန်လည် မတည်ဆောက် နိုင်သေးသလို လူဦးရေ ၂ဝ ရာခိုင်နှုန်းလောက်ဟာလည်း အစားအစာ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသားက အခုလို ဂီရိဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသလို မင်းသားရဲ့ ကြင်ယာတော် မင်းသမီး Ameerah Al Taweel ကလည်း မြန်မာ မိခင်နဲ့ကလေးတွေအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းကို သီးခြား လှူဒါန်းခဲ့တယ်လို့ ဆော်ဒီအာရေဗျ သံရုံးက ဖော်ပြခဲ့ပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံဟာ ၂ဝဝ၅ ခုနှစ်မှာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
Saturday, February 19, 2011
၂၀၁၁ ဖေဖေါ်ဝါရီလ (၁၈)ရက်။
စစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် အိန္ဒိယ ထောက်လှမ်းရေး အရာရှိတဦး၏ လှည့်ဖြား အပြောကို ယုံကြည်ခဲ့သည့် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ NUPA နှင့် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ခိုင်ရာဇာ၊ ဗိုလ်စောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းဇံခိုင် ၊ ပဒိုမူးလွယ် နှင့် ဗိုလ်စောမြင့် တိုကတော့ သွေးအေးအေးနှင့်လုပ်ကြံ အသက်ခံခဲရပြီး ကျန်ရစ်သော ရခိုင် နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယစစ်တပ်က အိန္ဒိယရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။
ရခိုင်နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးအပေါ် စွဲချက် တင်ထားသည့် အမှုများအားလုံးမှာလည်း၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ နေ့ မှာ ကတည်းက ပယ်ဖျက်ပြီး ဖြစ်သော်လည်း အခုထိ ကိုးလ်ကတ္တား အကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်း ခံနေကြရဆဲဖြစ်ကြောင်း တော်လှန်ရေးသမား ၃၄ ဦးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် တာဝန်အရှိဆုံး အိန္ဒိယ အစိုးရအနေဖြစ် အိန္ဒိယတွင် နေထိုင်ခွင့်ပေးရန်နှင့် UNHCR အနေဖြင့် တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးရန် စသည့် တိုက်တွန်း တောင်းဆိုသည့် စာကို တိုကျိုမြို့ရှိ UN ရုံးတာဝန်ခံ မှတဆင့် UNHCR တာဝန်ရှိသူများထံတို့ ပေးပို့ခဲ့ပါသည်။
တောင်းဆို ဆန္ဒပြသည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှစုစုပေါင်း (၁၀၀)ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်မှတ်တမ်း။ ။မိုးမင်းသူ
သတင်ဓါတ်ပုံ။ ။စောနေအောင်
နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး
Friday, February 18, 2011
စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့
ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ်။Thursday, February 17, 2011
ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည်
2011-02-14
Wednesday, February 16, 2011
အီဂျစ်တပ်မတော်ကို နမူနာယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Tuesday, February 15, 2011
ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ
၃ နှစ်ပြည့်ပြီ
ကရင် တိုင်းရင်းသား ခေါင်းဆောင် ယခင် KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီ ဖြစ်သည်။၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။
Monday, February 14, 2011
တိုကျိုတွင် ကျင်ပြုလုပ်သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား
သတင်းမှတ်တမ်း။ ။ Mai Kyaw Oo
သတင်းဓါတ်ပုံ။ ။ Moe Min Thu
Sunday, February 13, 2011
နအဖ ၈ယောက် ထိခိုက်သေဆုံးတဲ့ ဘိတ်ထားဝယ်ဘက်က တိုက်ပွဲ
ကေအဲန်အယ်အေ တပ်မဟာ ၄လက်အောက်ခံ တပ်ရင်း ၁၀မှ တပ်ခွဲ ၁၊ တပ်ခွဲ၂ ပူးပေါင်းတပ်ဖွဲ့နှင့် နအဖခြေလျင်တပ်ရင်း ၅၈၅စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားကြ ခြင်း ဖြစ်သည်။ အဆိုပါ သေဆုံးသွားသည့် နအဖတပ်ဖွဲ့တွင် ဆက်သွယ်ရေး စက်ကိုင် တဦးနှင့် အရာရှိငယ်တဦးတို့ ပါဝင် သည်ဟုလည်း သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။
သတင်းရင်းမြစ် - မင်ရန်နိုင်
2011-February-13
Saturday, February 12, 2011
အစိုးရသစ် ခေါင်းဆောင်များ မြန်မာ့သမိုင်းမှာ အများဆုံးလစာများ ရမည်
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ တယ်လီဖုန်းဖြင့် သြဝါဒ ခံယူဆွေးနွေးပွဲ မှတ်တမ်း (တိုကျို)
သတင်းမှတ်တမ်း။ ။ အေးနန္ဒာအောင်
သတင်းဓါတ်ပုံ ။ ။မိုးမင်းသူ
သတင်းဗီဒီယို။ ။ဦးသန်းဝင်း
သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး
နော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။
တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော
ဖေဖေါ်ဝါရီလ 11 ရက် 2011 ခုနှစ်။အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ
Thursday, February 10, 2011
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။
စစ်ဆင်ရေးမှာ ရှေ့တန်းက တိုက်ခိုက်ဖို့ ကရင် နယ်ခြားစောင့်တပ်များ ငြင်းဆန်
2011-02-08
Monday, February 7, 2011
ဒီမိုကရေစီရေး မြှင့်တင် လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီး တိုက်တွန်း
2011-02-05
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး အခုထက် ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယေဘုယျအားဖြင့် ပိုအားကောင်းမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ တချို့ အင်အားကြီး အနောက်နိုင်ငံတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ကုန်သွယ်နေပြီး ဆက်လက်ပြောဆို ဆွေးနွေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာရ စစ်အစိုးရအပေါ် သဘောထား တင်းမာရင် နိုင်ငံရေးအရ အဓိက ထောက်ခံပြီး အဓိက ကုန်သွယ်ဘက် ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပိုနီးစပ်အောင် တွန်းပို့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်က သတိပေးပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူမှုရေးနဲ့ အရေးပေါ် အကူအညီ ကလွဲလို့ စီးပွားရေး အကူအညီပေးတာကို ၂ဝဝ၃ ခုနှစ် ကတည်းက ဆိုင်းငံ့ထားပါတယ်။
Copy from _ rfa.org/
တိုက်တွန်းနှိုးဆော်ချက်
ကိုလှအေားမောင်၏ နေအိမ်ပုံ |
ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ
Saturday, February 5, 2011
၂၀၁၁ ဖေဖေါ်ဝါရီလ (၄)ရက်။
စစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲ ထပ်မံ ဖြစ်ပွား
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမား သမဂ္ဂ မြန်မာ့အရေး ဆွေးနွေး
Friday, February 4, 2011
ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ
2011-02-03
ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေ မတွေ့ခဲ့ရဘူး လို့ RFA က စုံစမ်း သိရှိရပါတယ်။
(Photo: AFP)
“မတွေ့ရဘူးရှင့်၊ တိုက်ပိတ်ထားပါတယ်ရှင်။ ၁၉ ရက်နေ့ကနေ ပိတ်တာရှင့်။ ၁၄ ရက် ပိတ်ထားတာ။ သမီးတို့ စုံစမ်းသလောက်တော့ ထောင်ထဲမှာတဲ့ နည်းနည်း ဆူညံပူညံ လုပ်လို့ လို့ ပြောတယ်ရှင့်။ အခုတခေါက် တော်တော် ဆိုးတာပါ။ အဲဒီမှာ တပွင့်နဲ့လူကလည်း တော်တော် ခြယ်လှယ်နေတာ အဲဒီ ဝန်ထမ်းတွေပဲ။”
ဒေါ်ထက်ထက်ဦးဝေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦး ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့ခွင့် မိနစ် ၂၀ ပဲ ပေးတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ ထောင်အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
ပူတာအိုထောင်ထဲမှာ ဒေါ်ထက်ထက်ဦးဝေအပြင်၊ ကျောင်းသား ကိုမျိုးမင်းဇော်၊ NLD က ဒေါ်ဝင်းမြမြ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း ရှိနေပြီး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေတယ်လို့ သိရပါတယ်။
ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမီးဖြစ်သူ မအေးချမ်းပြည့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
copy_rights RFA News
Tuesday, February 1, 2011
နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနား(တိုကျို)
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၁)ရက်။