Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, December 1, 2010

မေ(၃၀) ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး (၉၀) လပြည့်ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား (တိုကျို)

၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်။


မှတ်တမ်းဓါတ်ပုံ ကြည့်ရန်
မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၉၀)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့မှ ဦးဆောင်၍ တိုကျိုမြို့  ရှိနာဂါဝါ ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့ နေ့လည် ၃း၀၀ နာရီမှ ၄း၀၀ရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ အသက်ကို ကာကွယ်ရင်း အသက်ပေး စွန့်လှုခဲ့ကြသည့် သူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လစဉ်(၃၀)ရက်နေ့ ကျရောက်တိုင်း ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း၊ ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပေး သည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရန်အတွက် တိုက်တွန်း တောင်းဆိုသွားခဲ့ကြပါသည်။ အခမ်းအနားကို ဂျပန်နိုင်ငံရောက် အဖွဲ့အစည်း အသီးသီးမှ တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

PNS -Japan မှ တဆင့်ကူးယူဖော်ပြပါသည်။

No comments:

Post a Comment