Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, December 11, 2010

တရုတ် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ကို ပြန်လွှတ်ပေးရန် တောင်းဆို

တရုတ် လူ အခွင့် အရေး လှုံ့ ဆော် သူ လျှူရှောင်ဘို တက်ရောက် ပြီး ဆုမယူနိုင်သဖြင့် နိုဘဲလ် ဆုပေးပွဲ တွင် လစ်လပ် နေသည့် နေရာ
December 10, 2010

နှစ် စဉ်ကျင်းပနေတဲ့ နိုဘဲလ်ဆုပေးအပ်ချီးမြင့် ပွဲ အခမ်းအနား ကို ဒီနှစ်မှာလည်း နော်ဝေ နိုင်ငံ အော်စလို မြို့ မှာ ကျင်း ပခဲ့ပါတယ်။

ဒီအခမ်းအနား မှာ တော့ ယခု နှစ်အတွက် ငြိမ်းချမ်းရေး ဆုချီးမြှင့် ခံရတဲ့ တရုတ်လူ့ အခွင့် အရေး လှုပ်ရှားသူ နဲ့  စာရေးဆရာ လျှူရှောင်ဘို ဟာ တရုတ်အစိုးရက ဖမ်းဆီး ထောင်ချထားတဲ့ အတွက် မတက်ရောက်ပြီး နိုဘဲလ် ဆု မယူ နိုင်တဲ့ အတွက် သူ့ ကိုယ်စား အခြား တစ်ယောက် က တက်ရောက်လက်
ခံ ရယူပေးရပါတယ်။ တရုတ် အစိုးရဟာသူ့ ဇနီး ဖြစ်သူ ကို လည်း နေအိမ် အကျယ်ချုပ် ချမှတ် ထားပါ တယ်။

ဒီအခမ်း အနား နော်ဝေ နိုဘဲလ် ဆုချီးမြှင့် ရေး ကော်မတီ ဥက္ကဌ ၊ အခမ်းအနား ကို တက် ရောက် လာတဲ့ အမေရိကန် အောက်လွှတ်တော် ခေါ်ဆောင် နန်စီ ပယ်လိုစီ နဲ့ အခြား နိုင်ငံတကာ ခေါင်းဆောင်များ က ဒေါ်အောင်ဆန်းစု ကြည် ကို ပြန်လွှတ်ပေး ရန် တောင်း ဆို ခဲ့ပါတယ်။

တရုတ် အစိုးရက တော့ နော်ဝေ နိုင်ငံ နဲ့  နိုဘဲလ် ဆု ကျင်းပရေး ကော်မတီ ကို ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပြီး နိုဘဲလ် ဆု ပေးပွဲ ကို တက်ရောက် မယ် လို့ သတင်းရထား တဲ့ နိုင်ငံတွင်း က တက်ကြွှ သူ ၁၀၀ ကျော် လောက် ကို လည်း ဒီရက် ပိုင်း အတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
အသက် ၅၄ နှစ် ရှိပြီ ဖြစ်တဲ့ လျှူရှောင် ဘို ဟာ အကျဉ်းချခံထားရတာ ၁၁ နှစ် ရှိသွားပြီ ဖြစ်ပါတယ်။

လီဇီအောဘို သည် မြန်မာ နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ရှရုား နိုင်ငံမှ ဆာခါရော ဗ် တို့ ကဲ့ လိုပင် တက်ရောက် ရယူနိုင်ခြင်း မရှိ ဟု သိရသည်။

Copy from _ freedomnewsgroup.com

No comments:

Post a Comment