Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, December 5, 2010

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ နိုင်ငံတကာလူ့ူ့အခွင့်ရေးနေ့ အကြို ဆွေနွေးပွဲ


ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၀

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ရှေ့လုပ်ငန်းစဉ်များ သုံးသပ်ဆွေးနွေးသည့် ညှိနှိုင်းဆွေးနွေးပွဲကို တိုကျို Takadanobaba, AUN ရုံးခန်းတွင် နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှေ့ဆက် စုပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များထဲမှ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ကျရောက်မည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျင်းပ ပြုလုပ်သွားမည့် လုပ်ငန်းစဉ်များ ဆွေးနွေးဆုံဖြတ်ခဲ့ပြီး တာဝန်ရှိသူများကလုပ်ငန်းစဉ်များကို တာဝန်ခွဲဝေး ယူခဲ့ပါသည်။ ညှိနှိုင်းစည်းဝေးတွင် ၆၂ နှစ်မြောက် “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအင်အားစုများ ၊နိုင်ငံခြားသား အဖွဲ့အစည်းများ ၊ ဂျပန် NGO,NPO အဖွဲ့များနှင့်အတူ ပူးပေါင်း ကျင်းပပြုလုပ်သွားရန်နှင့် တာဝန်ခွဲဝေ ဆောင်ရွက်မှုများကိုပါ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အစီအစဉ်ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU(Japan)

No comments:

Post a Comment