Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, December 21, 2010

ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ တွင် ကြော်ငြာ ထည့်ချင် သူများပြား

The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် သည် မစ်ချယ်ယိုး ဓာတ်ပုံ - Guardian

သီရိထက် ၊ ၊အင်တာနက် ဗီဒီယို ဆိုတ် တစ်ခု ဖြစ်သည့် ယူတု တွင် တင်ထား သော ဗီဒီယို များ အနက်လေဒီဂါဂါ ၊ ရီဟာနာ ၊ ဂျပ်စတင် ဘီဘာတို့ ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုများ တွင်လည်း ကြောငြာ ထည့်ချင် သူများပြား ကြောင်း အမေရိကန် နိုင်ငံ တွင် အခြေစိုက်သည့် ယူတု ရုပ်သံ မှ ကြော်ငြာဌာန တာဝန်ခံ ဒေးဗစ် လီမွန် က Freedom News Group သို့ ပြောသည်။

အမေရိကန် စီပွားရေး လုပ်ငန်းများ အနက် မော်တော်ကားကြော်ငြာ များ နှင့် ကွန်ပျူတာကြော်ငြာများ သည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပြီးနောက် ထုတ်လွင့် တင်ဆက်ထားသည့် ဗီဒီယို ဖိုင်များ တွင် ကြော်ငြာထည့် ချင် ကြသည် ဟု သိရသည်။

Ford မော်တော်ကားကုမ္ပဏီ သည် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို ဖိုင် အချို့ တွင် ၂၀၁၁ ခုနှစ် မတ်လ မှ စ၍ ကြော်ငြာထည့်ရန် စာချုပ် ချုပ်ဆိုခဲ့ပြီး Dell ကွန်ပျူတာ က မူ ဒေါ်အောင်ဆန်းစုကြည် ၏ တွေ့ဆုံ ပြောကြား သည့် ကဏ္ဍများ တွင် အင်တာဗျူး ထည့်ရန် စာချုပ်ချုပ်ခဲ့သည် ဟု သိရသည်။

ယူတု တွင် ကြော်ငြာ နိုင်ရန် အတွက် ကြီးမားသော စီးပွားရေး လုပ်ငန်း များ က သာရွေးချယ်ကြီပြီး မက်ဒေါနယ် ဟမ်ဘာဂါသည် ၂၀၀၉ ခုနှစ် က နာမည်ကြီး ဂီတ ဗီဒီယို အားလုံး ဉ် သီတင်း တစ်ပတ် ကြော်ငြာထည့် ခဲ့ရာ ဒေါ်လာ ရှစ်သောင်း ကျော်ကုန်ကျ ခဲ့သည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ အထ္ထုပတ္တကို ပြင်သစ် ဒါရိုက်တာ လခ် ဘွန်ဆွန် က မင်းသမီး မစ်ရှယ်(လ)ယိုး နှင့် ရိုက်ခဲ့သည့် အချက် နှင့် ပြန်လည် လွတ်မြောက် လာသည်တွင် နိုင်ငံတကာဉ် ထင်ပေါ်ကျော်ကြားသူ တစ်ဦး ဖြစ်သည့် အချက်များ ကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို များအား စီးပွားရေး လုပ်ငန်း ရှင် များ က စိတ်ဝင်စားကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် တွင် ဗီဒီယို များ တွင် ကြော်ငြာထည့် ပါက ရနိုင်မည့် စီးပွားရေး အကျိုးအမြတ် များ အား ယူတု ကောင်ဆလ်တ် ဌာန တွင် လာရောက်မေး သူ ကော်ပိုရေးရှင်းပေါင်း နှစ်ဆယ်ထက် မနည်းရှိပြီ ဟု သိရသည်။

Copy from _ freedomnewsgroup
Photo by _ Guardian

No comments:

Post a Comment