Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, December 28, 2010

ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စု ပြိုကွဲရေး မဟုတ်ဘူးလို့ ဦးဝင်တင်ပြော

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်သင်တန်း ကျောင်းဆင်းပွဲမှာ ပြည်ထောင်စု ပြိုကွဲမယ့် စိတ်ကူးမှန်သမျှ မကြံစည် မိကြဖို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား သွားတာနဲ့ ပတ်သက်ပြီး အဓိက အတိုက်အခံ ပါအတီကြီး ဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ဒုတိယ ပင်လုံညီလာခံ ဆိုတာကို ပြောနေတာမို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါကို ရည်ညွန်း ပြောဆို သတိပေးတဲ့ သဘော ဖြစ်နေတယ်လို့ ယူဆရမလို ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလိုပြောတာဟာ NLD ကပြောနေတဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာကိုပဲ ရည်ညွန်းတယ်လို့ ယူဆမိလို့ ဒါကိုတော့ NLD အနေနဲ့ ပြန်လည် ရှင်းပြဖို့ လိုအပ်လိမ့်မယ် ထင်တဲ့အကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။

ဒုတိယ ပင်လုံဆိုတာ ပြည်ထောင်စု ပြိုကွဲရေး သဘောမဟုတ်တဲ့အကြောင်း ပထမ ပင်လုံဆိုတာ ပေါင်းစည်းမှုကို ကိုယ်စားပြုခဲ့လို့ ဒုတိယ ပင်လုံဆိုတာကလည်း ပေါင်းစည်းမှု အင်အားကြီးတခု ပေါ်ပေါက်လာနိုင်မယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးဝင်းတင်က ရှင်းပြပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းအချို့ကလည်း ဒုတိယ ပင်လုံညီလာခံ ကိစ္စဟာ အင်မတန် သိမ်မွေ့တဲ့ ကိစ္စဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုတွေ ပိုလွဲနိုင်တယ်ဆိုပြီး ပြောနေတာတွေ ရှိပေမယ့် ဒီ ဒုတိယ ပင်လုံ ညီလာခံ လမ်းကြောင်းဟာ မှန်ကန်တဲ့ လမ်းကြောင်း တခုဖြစ်တယ်လို့ NLD အနေနဲ့ ယူဆတဲ့အကြောင်း ပြည်တွင်းစစ် ပြန်ဖြစ်လာမယ့် အနေအထားကို အခြေအနေတွေက ဦးတည်နေတာ အထင်အရှားဖြစ်လို့ NLD ရဲ့ ဒီလမ်းကြောင်းကို တိုင်းရင်းသား ခေါင်းဆောင်တွေက မီဒီယာတွေမှာ တွေ့ဆုံတဲ့အခါ ထောက်ခံတဲ့ သဘောပြောဆို နေကြတာကို ထောက်ရင် သူတို့လည်းပဲ ဒီလမ်းကြောင်းကို ထောက်ခံကြတယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးဝင်းတင်က ဘီဘီစီ ကို ပြောပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

No comments:

Post a Comment