Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, January 4, 2011

မိုင်းလားတပ်ဖွဲ့တပ်စခန်းတခု ရုပ်ပေးရန် နအဖ ထပ်ပြော

03 January 2011

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်း မြို့နယ်အတွင်းရှိ မိုင်းလားတပ်ဖွဲ့ထိန်းချုပ်တပ်စခန်း တခု တပ်ရုပ်ပေးရန် နအဖ ကိုယ်စားလှယ်တဦးက ပြောကြားကြောင်းစုံစမ်း သိရှိရပါသည်။

“ တပ်မရုပ်ပေးရင် ဘယ်နေ့ဘယ်ရက် အင်အားသုံးပြီးတိုက်ခိုက်ရလိမ့်မယ် ဆိုတဲ့ အဆင့်တော့မပြော ပါဘူး။ ကျနော်တို့ အခြေ စိုက်ထားတော့ သူတို့အတွက်သွားလာ လှုပ်ရှားဖို့ မလွတ်လပ်တဲ့ အတွက် ရုပ်သိမ်းပေးပါလို့ သာမာန်တွေ့ဆုံပြီး ပြောတာဘဲ ဖြစ်တယ်” - ဟု ခိုင်လုံသည့်သတင်းရပ်ကွက်က ပြော ပါသည်။

အဆိုပါတပ်စခန်းသည် နအဖနှင့် မိုင်းလားတပ်ဖွဲ့တို့ တင်းမာမှုဖြစ်ပြီးနောက်ပိုင်း မိမိကိုယ်ကိုကာကွယ်ရန် ၂၀၁၀ စက်တင်ဘာလ က စိုက်ထူထားသောစခန်းဖြစ်သည်။ ထိုတပ်စခန်းကြောင့် နအဖစစ်ကြောင်း လှုပ်ရှား သွားလာရန် ခက်ခဲသဖြင့် နအဖကရုပ်သိမ်း ခိုင်းခြင်းဖြစ်ပြီး မိုင်းလားမြို့အတွက်အဓိကဖြစ်သော တာ့ဆွပ်လွေ ဆိပ်ကမ်းသို့ပေါက်ရောက်နိုင်သည့် လမ်းလည်းဖြစ်သည် ဟုဆို၏။

ဒီဇင်ဘာ ၂၉ ရက်ကကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စရဖ/ဂျီဝမ်း ဗိုလ်မှူးကြီး ခင်မောင်ထွေး ဦးဆောင်သည့် အင်အား ၂၃ ယောက် ပါ တရုတ်မြန်မာနယ်ခြားကော်မတီက အထူးဒေသ ၄ နယ်မြေ ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ မိန်းဟိုင်းမြို့၌ နယ်ခြားဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း၊ ဒီဇင်ဘာ ၃၀ ရက်ဆွေးနွေးပွဲအပြန် မိုင်းလားမြို့၌ ခရီးတထောက်နား ညအိပ်ပြီး မိုင်းလား တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းအချို့နှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြား ခြင်းဖြစ် ကြောင်း -အဆိုပါပုဂ္ဂိုလ် က ပြောပါသည်။

“တပ်ရုပ်ခိုင်းတာက မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ကျိုင်းကုန်းကျေးရွာအုပ်စု ၀မ့်မိုင်းဖန်ရွာမှာရှိတဲ့ တပ်စခန်း။ မိုင်းလား တပ် ဖွဲ့ အနေနဲ့ ဘယ်ရုပ်သိမ်းပေးနိုင်မလဲ၊ အဲဒီတပ်စခန်းက သူတို့အတွက်ခံတပ်ကြီးတခုဘဲ။တောင်ပိုင်း သျှမ်းပြည်တပ်မတော် (ကျိုင်းတုံ) စစ်ဒေသအမှတ် ၁ လှုပ်ရှားတဲ့ နယ်မြေနဲ့ကပ်ရက်ပေါ့။ နအဖကဖြတ်တောက်ချင်တဲ့ သဘော။ ပြီးတော့ အဲ့ဒီမှာ သျှမ်း တပ်ဖွဲ့နဲ့ နအဖစစ်ကြောင်းတွေနဲ့မကြာခဏ ပစ်ခတ်ကြ တယ်” - ဟုအမည်မဖေါ်လို သည့် မိုင်းလား တပ်ဖွဲ့အရာရှိ နှင့်နီးစပ် သူတဦးက ပြောပါသည်။

ကျိုင်းတုံ G.1 နှင့်အဖွဲ့ကို မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌများဖြစ်သည့် ဦးဆန်းပေ၊ ခွန်ဆန်လူတို့ လက်ခံတွေ့ဆုံခဲ့ ကြောင်းကြားသိရပါသည်။

၂၀၀၉ နှစ်နှောင်းပိုင်းမှစ၍ အသွင်ပြောင်းရေးကိစ္စကြောင့် နအဖနှင့်မိုင်းလားတပ်ဖွဲ့တို့ စစ်ရေးတင်းမာမှု စဖြစ်စဉ် ကတည်းက သျှမ်းပြည် ဒုတိယအမြင့်ဆုံး လွယ်ပန်နောဝ်(မောန့်ပန်နောဝ်)တောင်ကြောရှိ မိုင်းလားခံတပ် တစ်ခု ကိုလည်း ရုပ်ပေးရန် နအဖ ကအကြိမ်ကြိမ် သတိပေးထားသော်လည်း ယနေ့တိုင်ရုပ်ပေးခြင်းမရှိသေးပေ။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

No comments:

Post a Comment