Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, January 4, 2011

ဗမာပြည်နိုင်ငံရေးကို ထိရောက်စွာ ဖြေရှင်းပေးဖို့ မဲဆောက် UN ရုံးရှေ့မှာ လက်ပစ်ဗုံး ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆို




ယနေ့  နံက် ၇း၂၅ နာရီကျော်တွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့ ပြောင်မြောက်သည့် လုပ်ရပ်ဖြစ်သည်။

ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်း မိပါသည်။ ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့် တပ် (BGF) အဖြစ် အတင်း စေခိုင်းခံရသည့် ကိစ္စများ အပေါ်မကြေနပ်သလို ၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့် ဖြစ်သည်။

ဆန္ဒပြသည့် ပုံစံမှာ ထိုင်းဆိုင်ကယ် တက္ကစီ ကိုငှါးစီး၍ UN (မဲဆောက်) ရုံးရှေ့ အရောက်တွင် လက်ပစ်ဗုံး နှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင် ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။ ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီ သမားကိုပါ ထိမ်းချုပ်၍ ဆန္ဒပြနေခြင်းဖြစ်သည်။

ဆန္ဒပြမှု ကိုဖြေရှင်းရန် အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ ဝင်များအားလုံးနှင့် မြို့ တော်ဝင်မှ အစ စနစ်တကျကိုင်တွယ်နေသည်ကို မျက်မြင်တွေ့ ခဲ့ရသည်။ပတ်ဝန်းကျင် မှ စိုးရွံထိပ်လန့် နေကြသော်လည်း မည်သည့် ရည်ရွယ်ချက် ရှိသည်ကိုမူ ချက်ချင်းမသိကြ သေးပေ။

ထိုင်း ရဲအရာရှိများ တပ်ဖွဲ့ဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျ စည်းရုံး ကိုင်တွယ်မှုကြောင့် ဆန္ဒပြ ရဲဘော်မှာ လက်ပစ်ဗုံး စနက်တံအား ထိုင်းအရာရှိမှ စနက်တံ ပြန်လည်သွင်း၍ ဆန္ဒပြမှုကို ရန့်တန့် စေခဲ့ပြီး ဆန္ဒပြရဲဘော်၏ တောင်းဆိုချက်များကို လိုက်လျော နားထောင်ခဲ့သည်။ တောင်းဆိုချက်(သို့ ) ရဲဘော်၏ဆန္ဒမှာ

(၁) ၂၀၁၀ ရွေးကောက်ပွဲ က တရားမမျှတဘူး
(၂) DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃) (BGF) နယ်ခြားစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး
(၄) မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။
ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။

ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့ မြန်မာပြည် ၏ လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြတ်နေရရှာသောဤ လူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။

ကုလသမဂ္ဂ ရုံးများမှ ၀န်ထမ်းမျာကို လုပ်ကိုင်ဆောင်ရွက်မှုများကို ထိုင်း၊ မလေးရှား ၊ ဂျပန်၊ ကဘောဒီယားရှိ မြန်မာ ဒုက္ခသည်များက ခံစားချက် ဖြစ်နေကြသည်မှာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက်
ကုလသမဂ္ဂရုံး များကို ဆန်ကျင့်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်လာနိင်မည်ဟု ခန့်မှန်းရပါသည်။

မေအိခင်(လယ်ဝေး)
komoethee.blogspot.com

No comments:

Post a Comment