Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Thursday, January 13, 2011

စိန်ခေါ်မှတော့ တိမ်အထိပေါ့။

လေးရက်နဲ့အပြတ် ကရင်ကိုတိုက်ဖို့ 
အလုံးအရင်းနဲ့ ဖြန့်ခွဲတက်လာတဲ့ 
ရန်သူကို ကြောက်နေမှတော့ 
ကားပါမစ်ရယူပြီး နယ်ခြားစောင့်တပ်ပဲ လုပ်တော့မှာပေါ့………..။

အရေးကြီးလို့ သွေးစည်းညီညွတ်နေကြတဲ့
တို့ကရင်တွေရဲ့ သနားကြင်နာတတ်မှုနဲ့
နိုင်ငံတကာစစ်ဥပဒေမျဉ်းကြောင်းပေါ်က
လူသားဆန်မှုကို အခွင့်ကောင်းယူပြီး
ရန်သူဟာ
အရှေ့ကနေ ထောင်သားရာပေါင်းများစွာ
ကတုတ်အဖြစ်အသုံးပြုနေတာကို
ကျော်ပြီးရွေးပစ်နိုင်ပေမဲ့
စိတ်ရင်းခံရိုးသားတဲ့ကရင်တွေအနေနဲ့
 အဟန့်အတားတခုတော့ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့....
ကရင်မှာ
စစ်အာဏာရှင်ချုပ်ငြိမ်းသွားဖို့
လက်ဖြောင့်တပ်ဖွဲ့တွေရှိတယ်။


စစ်သွေးကြွမဟုတ်ပေမဲ့
ဖိနှိပ်ချုပ်ခြယ်မှု၊ မတရားမှုမှန်သမျှကို တွန်းလှန်ဖို့
လက်နက်ခဲယမ်းတွေ ရှိတယ်။

အာဏာရှင်ဟာ လူသားချင်းစာနာတတ်ရင်
အကျဉ်းသားတွေ အသုံးပြုဖို့မလိုတဲ့နည်းလမ်းတွေ
အများကြီးရှိပါတယ်။


ဘယ်နည်းလမ်းပဲ သုံးသုံး
ကရင်တွေကတော့ မမှုပါဘူး။
အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေဦးမှာပဲ။


လေးရက်နဲ့အပြတ် ကရင်ကိုတိုက်ဖို့ 
အလုံးအရင်းနဲ့ ဖြန့်ခွဲတက်လာတဲ့ 
ရန်သူကို ကြောက်နေမှတော့ 
ကားပါမစ်ရယူပြီး နယ်ခြားစောင့်တပ်ပဲ လုပ်တော့မှာပေါ့………..။

Copy from _ ninedeblood.blogspot.com/

No comments:

Post a Comment