ကရင် အမျိုးသားနှစ်သစ်ကူး အခမ်းအနားကို ဂျပန် နိုင်ငံ (တိုကျို) တွင် စည်ကားစွာ ကျင်းပ
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၉
၂၇၅၀ ခုနှစ် ၁၂ ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနားကို ဂျပန်နိုင်ငံ (တိုကျို) တွင် နေ့ လည် ၁၂ နာရီ မှ ညနေ ၅ နာရီ ထိ စည်ကားစွာ ကျင်ပပြီးစီးခဲ့သည်။
ကရင်အမျိုးသား နှစ်သစ်ကူးအခမ်းအနား ကို ဂျပန်ရောက် ကရင် တိုင်းရင်းသား ညီအကိုမောင်နှမ များ အပြင် ရင်းနှီးသော မိတ်ဆွေ တိုင်းရင်းသား မြန်မာ လူမျိုးများ အပြင် ဂျပန်လူမျိုးများပါ ပျော်ရွှင်စွာပါဝင် ဆင်နွဲခဲ့ ကြသည်။ ထူးခြားချက်မှာ ကရင် လူမျိုးတို့ ၏ ရိုးရာ ကျွဲ ဂျို နှင့် ဖားစည် သရုပ်ဖော် ပြ ထားပုံ ကို လူအများ စိတ်ဝင်စားမူ များပြီး ဂျပန်လူမျိုးများ မှ လည်းစိတ်ဝင်စားမူကို ဖော်ပြခွင့်ရခဲ့ပါသည်။
ကရင်နှစ်သစ်ကူးရိုးရာကောက်ညှင်းပေါင်း နှင့် ကရင်ရိုးရာ အစားအစာ များစွာ ကို စားသုံးပြီး ကရင် ရိုးရာ အက နှ င့် ဖျော်ဖြေးရေး အစီအစဉ်များစွာ ဖြင့် နှစ်သစ်ကူးအခမ်းအနားကို ပျော်ရွှင်စွာ ဖြင့် ကျင်ပပြီးစည်းခဲ့ပါသည်။
သတင်း ဓါတ်ပုံ ။ ။ မိုးမင်းသူ KNU-Japan










No comments:
Post a Comment