Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, January 25, 2011

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနား



၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၂၄)ရက်။

နအဖ စစ်အုပ်စုမှ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း နှင့် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်ပြုခြင်း မပြုလုပ်ရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြလှုပ်ရှားမှုကို တိုကျို KASUMI KASEKI အရပ်ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့တွင် မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက်(ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်အစိုးရအား မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ မဆိုင်းမတွ လုပ်ဆောင်ရန် ဂျပန်နိုင်ငံ အနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဂျပန်ဘာသာဖြင့် ကြွေးကြော် တောင်းဆို သွားခဲ့ကြပါသည်။

ဆန္ဒပြပွဲကို ၂၄ ရက်၊ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး မနက်ဖြန် ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် သွားရောက် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ ရပ်တည်ချက် သဘောထား တောင်းဆို စာတစောင်ကို ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယနေ့ ဆန္ဒပြပွဲကို ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်သွားပြီ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အား ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum

No comments:

Post a Comment