Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Sunday, November 27, 2011

ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်



ကချယ်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြီး မြို့တွေထဲထိ ဗုံးထောင်မှုတွေရှိ
26 နိုဝင်ဘာလ 2011,

ကချင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ ပိုကျယ်ပြန့်လာ ပိုစိတ်လာတယ်လို့ သတင်းတွေ ရရှိပါတယ်။
အထူးသဖြင့် မိုးမောက်နဲ့ ၀ိုင်းမောက် မြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပြီး ခုနောက်ဆုံး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ထိစပ်နေတဲ့ ဒေသတွေကိုပါ ကူးစက်လာပြီး တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေပါတယ်။
အစိုးရဘက်က ရဟတ်ယဉ်တွေပါ အသုံးပြု ထိုးစစ်ဆင်နေပါတယ်။
သောကြာနေ့က တရုတ်မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နားက အစိုးရ တပ်စခန်းကို စစ်သားတွေကို စစ်ရဟတ်ယဉ် သုံးစီးနဲ့ လေးကြိမ်လောက် ပို့ဆောင် ပေးခဲ့တယ်လို့ သတင်းရပါတယ်။
တရက်ထဲမှာ နမ်းခမ်းကနေ ဆယ့်နှစ်မိုင်လောက် ဝေးတဲ့ မန်စီနားမှာ ကေအိုင်အေကနေ အစိုးရ စစ်ကြောင်းကို နေရာ နှစ်နေရာမှာ တိုက်ခိုက်ခဲ့ပြီး ကေအိုင်အေ ရှေ့တန်း သတင်းရပ်ကွက် အဆိုအရ လူ ဆယ့်ရောက် လောက်ထိ ကျဆုံးမှု ရှိတယ်လို့ သိရပြီး ဒေသခံတွေကလည်း အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။
တပ်မ ကိုးဆယ့်ကိုးက စစ်ကား ငါးစီးကို ကေအိုင်အေက တိုက်ခိုက်ရာမှာ နှစ်စီး လုံးဝ ပျက်သွားပြီး အကျအဆုံး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် နယ်စပ်မှာ တပ်မ ကိုးဆယ့်ကိုးနဲ့ ရှစ်ဆယ့်ရှစ် တပ်ကူတွေ ရောက်နေပြီး မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက တပ်ရင်းပေါင်း ဆယ်ဂဏန်းထိ ရောက်နေပြီး ကေအိုင်အေ တပ်မဟာ ဌာနချုပ်ကို စီးဖို့ ပြင်ဆင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ နယ်စပ်မှာ ခန့်မှန်း ပြောဆိုနေပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ

No comments:

Post a Comment