မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Monday, November 21, 2011
မတရားဖမ်းဆီး အကျဉ်းချခံ နေရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူ မရှိဘူး ပြောလိုက်သည့် သမ္မတ ဦးသိန်းစိန်အား ရှုတ်ချကန့်ကွက်သည့် ဆန္ဒပြပွဲ(တိုကျို)။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်။
ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခံ နေရသည့် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား များအားလုံး အမြန်ဆုံး လွတ်ပေးရန် တောင်းဆို ဆန္ဒပြသည့် အခမ်းအနားနှင့်
ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူ မရှိဘူး ပြောလိုက်သည့် သမ္မတ ဦးသိန်းစိန်အား ရှုတ်ချ ကန့်ကွက်
သည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး( မြန်မာသံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ အထိ ကျင်းပ ခဲ့ကြပါသည်။
အင်ဒိုနီရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအပြီး မြန်မာ သတင်းထောက်တွေကို တွေ့ဆုံ စကားပြောစဉ်မှာ သမ္မတ ဦးသိန်စိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတယ်ဆိုတာ လက်မခံကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ်ဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူးလို့ ပြောကြားသွားခြင်းနဲ့ ပတ်သက်လို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ရှုတ်ချ ကန့်ကွက်ခဲ့ကြပါသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တစိုက်မတ်မတ် တောင်းဆို လှုပ်ရှားနေကြတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကိုလွတ်ပေးရန်၊ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုရပ်ပြီး တပြည်လုံး အပစ်အခတ်ရပ်ဆဲပေးဖို့အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment