မြန်မာအစိုးရနဲ့ KIO ဆွေးနွေး
2011-11-29
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေး
လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့
ဆွေးနွေးနေကြောင်း
သိရပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့၊
မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့ဝင်များ
တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။
အခု ညနေပိုင်းမှာ ဆွေးနွေးနေကြတာဖြစ်ပြီး နိုင်ငံရေး ပြဿနာတွေကို
အခြေခံပြီး ပြေလည်ရေးကို ဆွေးနွေးသွားလိုကြောင်း KIO အဖွဲ့ ပြောခွင့်ရသူ
KIA ဒု
စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အာရ်အက်ဖ်အေကို ပြောပါတယ်။
ဒီကနေ့ဆွေးနွေးပွဲကို မြန်မာအစိုးရကိုယ်စားလှယ်တွေအဖြစ် စက်မှုဝန်ကြီးဟောင်း
ဦးအောင်သောင်းဦးဆောင်ကာ လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ်
ဦးသိန်းဇော်နဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ဆွေးနွေးပြီး KIO
အဖွဲ့ဘက်က ဥက္ကဋ္ဌ
ဦးဇောင်းခရားအပါအဝင် အဖွဲ့ဝင် ၆ ဦး တက်ရောက်ကြောင်း သိရပါတယ်။
copy rights_http://www.rfa.org/burmese/news/kio-11292011095624.html










No comments:
Post a Comment