ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံဖို့ ဦးစိန်လှဦး တိုက်တွန်း
2011-11-26
နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်ဟောင်း
စာရေးဆရာ ဦးစိန်လှဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက်
တွေကို ကြိုဆိုလိုက်ပြီး သူ လက်ရှိ ပါဝင်နေတဲ့ NDF ပါတီအနေနဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီခေါင်းဆောင်တချို့ကို အခမ်းအနားတခုတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အရေးအတွက် အင်မတန် အရေးကြီးတဲ့ ကာလတခုကို
ရောက်ရှိနေပြီလို့ ဦးစိန်လှဦးက ပြောဆိုရင်း သမ္မတကြီး ဦးသိန်းစိန်နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံ တွေ့ဆုံဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
copy rights_http://www.rfa.org/burmese/news/sein-hla-oo-11262011095743.html











No comments:
Post a Comment