Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Tuesday, November 15, 2011

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

KIA စစ်သား(Photo by-Jade Land)
“မနက် ၈ နာရီခွဲလောက်မှာ မိုင်း အရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲ စဖြစ်တယ် ၃ နာရီ လောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူး တစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာ ရတယ်။ KIA ဘက်က အထိအခိုက် မရှိဘူး ” - ဟု သူက ဆိုသည်။
 
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသော မန့်ဝိန်းကြီး ကျေးရွာ အုပ်စု ကောင်းခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက် လှိုဏ်ခေါင်း ဖေါက်ထား ခြင်းဖြစ်ပြီး ၎င်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချ နေထိုင်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်း ဖေါက်ပြီး တပ်စခန်း ဆောက်ထားတာ  စစ်တပ်လည်း အမြဲတမ်း ရှိနေတယ်။ ပြောနေ တာတော့ လက်နက် ခဲယမ်းတွေလည်း သိုလှောင် ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင် လောက်ဝေးတဲ့ ကောင်းခါ ရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့ နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရ စစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှ ထွက်ခွာသွား ကြောင်း သိရသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့် 

No comments:

Post a Comment