နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်
2012-01-01
လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ
ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံရေး
အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ ဆိုင်ရာ အကျဉ်းထောင်တွေကို
ကြိုတင်သွားရောက် စောင့်ဆိုင်းဖို့ ထွက်ခွာသွားခဲ့ကြပါတယ်။
နယ်ဝေး အကျဉ်းထောင်တွေဆီ အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့
မိသားစုဝင်တချို့ ဒီကနေ့ မနက်က ထောင်တွေဆီ ထွက်ခွာ သွားခဲ့ကြတယ်လို့ ၈၈
မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“မျှော်လင့်လို့ပေါ့ဗျာ။ ၃ ရက်နေ့ ကြေညာမယ်၊ ၄ ရက်နေ့ လွှတ်မယ် လို့ ကြားနေရတာကိုး။ ကျနော် သိသလောက် အတော်များများ သွားကြ တယ်။ ဒီနေ့မနက်က ဆိုရင် ပူတာအို ဗျာ။ ကျနော် လေယာဉ်ကွင်း လိုက်ပို့လိုက်တာ။ မနက်ဖြန် ကျောက်ဖြူ သွားကြမယ့်သူတွေ ရှိတယ်”
လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေရာမှာ ၈၈ ကျောင်းသားခေါင်းဆောင် တချို့လည်း ပါလိမ့်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင်တွေထဲက သရက်အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ မိုင်းဆတ် အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုကိုကြီး တို့ရဲ့ မိသားစုတွေကတော့ အိမ်မှာပဲ ရှိနေကြကြောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

copy rights_http://www.rfa.org/burmese/news/prisoner-families-hope-01012012083803.html
No comments:
Post a Comment