Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, January 20, 2012

ရွှေညဝါဆရာတော်ကြီးသည် အမျိုးဘာသာ၊ သာသနာအတွက်နှင့် အများအကျိုးအတွက် ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ် ထိုးပေးခဲ့ပါသည်..။ ဤစကားသည် မှန်ပါသည် ဤမှန်ကန်သော သစ္စာစကားကြောင့် အဓမ္မဝါဒီများ ကျဆုံးပါစေ...။

 ယနေ့ ကျောင်းတိုက်မှ မြင်တွေ့ရတဲ့ ရွှေညဝါဆရာတော်ကြီး..
ရွှေညဝါဆရာတော်ကြီး ယနေ့သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ် ကတိထိုး ပေးလိုက်ပါတယ်..။ အလုပ်ကပြန်လာလာချင်း ဒီသတင်းကို ကြားရတဲ့ အတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်..။ လောလောဆယ် ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှမရေးနိုင်သေးခင် တခုပဲပြောလိုက်ပါမယ်..။
ရွှေညဝါဆရာတော်ကြီးသည် အမျိုးဘာသာ၊ သာသနာ၊ ငြိမ်းချမ်းရေးနှင့် အများပြည်သူအကျိုး အတွက် ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ပါသည်..။ ဤစကားသည် မှန်ပါသည် ဤမှန်ကန်သော သစ္စာစကားကြောင့် ယခုလုပ်ရပ်၌ ဘာသာရေးကို ခုတုံးလုပ်ပြီး နောက်ကွယ်မှ ကြိုးကိုင်နေသူ အဓမ္မဝါဒီများ ကျဆုံးပါစေ...။

ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနှင့် သံဃာတော်များ..
ဆရာတော်ကြီးအား ထောက်ခံသူလူထုနှင့် သတင်းမီဒီယာများ..
အရှင်ဂမ္ဘီရမှ ရွှေညဝါဆရာတော်အတွက် ဤသို့ ထောက်ခံဆန္ဒပြသနေစဉ်
ရွှေညဝါဆရာတော်ကြီး ကျောင်းတိုက်မှ ထွက်ခွာပေးမည် ဖြစ်ကြောင်းဝန်ခံကတိ လက်မှတ်ထိုးစာ...
အမှန်တရားအတွက် ရပ်တည်ခဲ့ပြီး အများအတွက် ပေးဆပ်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီး ကျန်းမာ၊ ချမ်းသာ ဘေးအန္တရာယ် ကင်းဝေးပါစေ..
အဓမ္မဝါဒီများ ကျဆုံးပါစေ
ဒီမိုဝေယံ
ဆက်လက်ဖော်ပြပါမည်..
ဓာတ်ပုံများ။...။ ဒီမိုဝေယံ၊ ခမိခဆဲ
ရွှေညဝါဆရာတော် အသံဖိုင် (DVB)
Copy from - demowaiyan

No comments:

Post a Comment