နိုင်ငံရေး အကျဉ်းသားကိစ္စ မြန်မာအစိုးရ အလေးအနက်မထားဟု ဝေဖန်
2012-01-04
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ပါဝင်ခြင်းမရှိတာဟာ နိုင်ငံရေး အကျဉ်းသားကိစ္စကို မြန်မာအစိုးရက အလေးအနက်
မထားဘူးဆိုတာ ပြသရာရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က
ပြောကြားလိုက်ပါတယ်။
လွတ်လပ်ရေးနေ့အချိန်ကာလနဲ့တိုက်ဆိုင်ပြီး ထုတ်ပြန်ကြေညာခဲ့တဲ့
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အရ လျှော့ရက်နဲ့
လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr.
Tomas Quintana က အခုလို ပြောကြားလိုက်တာပါ။
နိုင်ငံရေး အကျဉ်းသားတွေကိစ္စမှာ သမ္မတ ဦးသိန်းစိန်က အခုလို
ဆုံးဖြတ်လိုက် တာဟာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ
အဆင်မပြေ တာတွေ ကို ချောမွေ့စေ ရုံသက်သက်
ဆောင်ရွက်ချက်မျိုးသာဖြစ်နေပါတယ်လို့လည်း Mr. Quintana က ပြောသွားပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားတာဟာ
နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ်စာချူပ် ဥပဒေတွေမှာပါတဲ့ အခွင့်အရေးတွေကို
ဆက်ချိုးဖောက်နေတာပဲဖြစ် တယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရအနေနဲ့ နားလည်
သဘောပေါက်ပုံမရဘူးလို့လည်း မစ္စတာကင်တားနားက ပြောပါတယ်။
copy rights_http://www.rfa.org/burmese/news/quintana-amnesty-01042012203331.html
No comments:
Post a Comment