Saturday, September 29, 2012
ထိုးစစ် ရှိနေသရွှေ့ အပစ်အခတ် ရပ်စဲရေး မရနိုင်
Friday, 28 September 2012 16:04
Written by ရွှေဟင်္သာသတင်းဌာန

စစ်ဆင်မှုများ ဆက်လက် ရှိနေပါက အေးချမ်း တည်ငြိမ်ရေးနှင့် အမျိုးသား
ပြန်လည် သင့်မြတ်ရေးလည်း ဖြစ်လာရန် မလွယ်ကူကြောင်း၊ တိုင်းရင်းသားများ
အနေဖြင့် ဤကိစ္စအတွင် အစိုးရ တာဝန် ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရန် အမြဲ
အဆင်သင့်ရှိ နေသော်လည်း နိုင်ငံတကာ၏ ပါဝင် ဆောင်ရွက်မှု အထောက် အကူများ
လိုအပ်ကြောင်း ပြောပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) နှင့်
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) အဖွဲ့ ကိုယ်စားလှယ်
များသည် မြန်မာ နိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေနှင့်
ပတ်သက်ပြီး ကုလ သမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် နေသော နိုင်ငံတကာ
ကိုယ်စားလှယ်များအား ရှင်းလင်း တင်ပြနိုင်ရန် အမေရိကန် ပြည်ထောင်စုရှိ
နယူးယောက်မြို့ ကုလ သမဂ္ဂ ရုံးကို ရောက်ရှိနေခြင်း ဖြစ်ပါသည်။
Labels:
သတင်း
KNLA စစ်ဦးစီးချုပ်၏ ဖားအံ ခရီးစဉ် KNU ဌာနချုပ်၏ အစီအစဉ်မဟုတ်

ကရင်ပြည်နယ် ဖားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ယခုလ
(၂၉) ရက် နေ့၌ စီစဉ်ထားသလို အဖွဲ့ဝင် (၃၁) ဦးလိုက်ပါသွားသည့် ကိစ္စအပေါ်
ကရင် အမျိုးသား အစည်းအရုံး KNU က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်
ပြောဆိုလိုက်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ဦးစီးချုပ်နှင့်အဖွဲ့ စက်တင်ဘာလ (၂၇) ရက်နေ့
နံနက်ပိုင်း က ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့မှ ထွက်ခွာ သွားသည့်အပေါ်
ပြည်သူလူထုများ ရှင်းလင်းစွာ သိနိုင်ရန် ရည်ရွယ်၍ ကြေညာချက် ထုတ်ပြန်ရခြင်း
ဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က အခုလို
ပြောသည်။
“ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့အဖွဲ့ ဖားအံမှာ ဆက်ဆံရေးရုံး
ဖွင့်ဖို့ သွားတာကို တချို့ပြည်သူ လူထု တွေကတွေ့ဆုံဆွေးနွေးရေး ကိစ္စလား၊
ဘယ်လို ကိစ္စနဲ့ သွားတာလဲလို့ မေးတာပေါ့လေ။ အဲဒါနဲ့ ကျမတို့ကလည်း
ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ အတွက် ရှင်းပြတာ ဖြစ်တယ်။
သူတို့ သွားတဲ့ ကိစ္စကို ကျမတို့က မသိဘူးလို့ ရှင်းပြတာပါ။”
KNU ဦးဆောင်မှုဖြင့် သွားရောက်ခြင်း မဟုတ်သဖြင့် KNU နှင့် KNLA အပေါ် လူထုက တစုံတရာ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် “ဘယ်လိုပဲဖြစ်ဖြစ်
KNLA က လုပ်ဆောင်ရမယ့် အပိုင်းကတော့ ဆွေးနွေးညှိနှိုင်းမှု ရှိရမှာပေါ့နော်။
ကျမတို့လည်း မသိ၊ KNLA ဌာနချုပ်ကလည်း မသိဖြစ်နေတယ်။ အသိမပေး
အကြောင်းမကြားဘဲ ထွက်သွား တာပေါ့နော်။” ဟု နော်စီဖိုးရာစိန်က ပြောသည်။
Labels:
သတင်း
Friday, September 28, 2012
ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်
ဖနိဒါ
|
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် တရားဥပဒေ
စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ
ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃
ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။
၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်
နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။
နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား
ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃
ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ် (Photo: Asia Society/Joshua Roberts)
“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်” ထိုင်းနိုင်ငံ အခြေစိုက် ကချင် ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။
Labels:
သတင်း
ကြွေးဟောင်းများ ဆပ်ရန် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ဂျပန်ချေးမည်
တိုကျို၊စက်တင်ဘာ ၂၇
ယခင်က အထီးကျန် နိုင်ငံအဖြစ်မှ အရပ်သား အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့် ကြွေးဟောင်းများ
ဆပ်နိုင်ရန် ဂျပန်ဘဏ်များက အမေရိကန်ဒေါ်လာ သန်း ၁ ထောင်
ချေးငွေများပေးအပ်မည်ဟု ကတိပြုလိုက်ကြောင်း အစီရင်ခံစာ တစ်ခုကို ကိုးကား၍
CNA သတင်းတွင်ဖော်ပြထားသည်။
ယခင်က အထီးကျန် နိုင်ငံအဖြစ်မှ အရပ်သား အစိုးရသစ် လက်ထက်တွင် နိုင်ငံတကာ၏ ကြိုဆိုထောက်ခံမှု တိုးမြှင့်ရရှိလာသော မြန်မာနိုင်ငံအနေဖြင့် ကြွေးဟောင
ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငြွေေ ကး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုး ရေးဘဏ် တို့သည်မြန်မာနိုင်ငံကို ထောက်ပံ့  ကူညီရန်အတွက် အမေရိကန်ဒေါ်လာ သန်း၉၀၀ ချေးငွေအကူအညီ ထပ်မံပေးအပ်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့၌ လာမည့်လအစောပိုင်းတွင် အထက်ပါ ကမ္ဘာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အစည်းအဝေး ပြုလုပ် မည်ဖြစ်သည်။
မြန်မာနိုင်ငံက တင်ရှိနေသော ယခင်ေ ကြွးဟောင်းများ ပြန်ဆပ်နိုင်ရန်
ပေါင်းကူးချေးငွေ အဖြစ် Japan Bank for International Cooperation
နှင့်အခြားသော ဂျပန်ဘဏ်များက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၁ ထောင်
ချေးငွေ ပေးအပ်မည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွဲ့ဖြိုးရေး ဘဏ်တို့၏ မြန်မာနိုင်ငံအပေါ် ချေးငွေအကူအညီများ ထပ်မံ ပေးအပ်မည့် အစီအစဉ်ကို အမေရိကန် ကိုယ်စားလှယ်များကသာ ကန့်ကွက်ခဲ့ပါက ၎င်းတို့အနေဖြင့် ချေးငွေအ ကူအညီပေးနိုင်မည် မဟုတ်ေ ကြာင်းကိုလည်း Nikkei သတင်းတွင်ဖော်ပြထားသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့၌ လာမည့်လအစောပိုင်းတွင် အထက်ပါ ကမ္ဘာငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ အစည်းအဝေး ပြုလုပ်
မြန်မာနိုင်ငံက တင်ရှိနေသော ယခင်ေ
ကမ္ဘာ့ဘဏ်နှင့် အာရှဖွဲ့ဖြိုးရေး ဘဏ်တို့၏ မြန်မာနိုင်ငံအပေါ် ချေးငွေအကူအညီများ ထပ်မံ ပေးအပ်မည့် အစီအစဉ်ကို အမေရိကန် ကိုယ်စားလှယ်များကသာ ကန့်ကွက်ခဲ့ပါက ၎င်းတို့အနေဖြင့် ချေးငွေအ ကူအညီပေးနိုင်မည် မဟုတ်ေ
Labels:
သတင်း
ဒေါက်တာစင်သီယာမောင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)
Labels:
မီဒီယာ
Thursday, September 27, 2012
ဦးခွန်ထွန်းဦးနဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်းခန်း (၂)
Labels:
မီဒီယာ
Tuesday, September 25, 2012
လက်တွေ့ မဖြစ်နိုင်တာကို ဦးအောင်မင်း အကြိမ်ကြိမ်ပြောနေ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာ ဌာနချုပ်
ပတ်ဝန်းကျင်အနီး၌ လက်နက်ကြီးများ အပါဝင် တိုက်ပွဲများ နေ့စဉ် ပုံမှန်
ဖြစ်လျှက် ရှိကြောင်း၊ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။
“လိုင်ဇာဘက်က တိုက်ပွဲဆိုတာ ပုံမှန်ပဲ ပြောရမှာ ပုံမှန် ဆိုတာက ဒီလို
ပေါ့ဗျာ။ စက်တင်ဘာ လဆန်းကနေ ၂၃ ရက်နေ့ အထိ ဆိုရင်တော့ တိုက်ပွဲပေါင်းက ၈၀
ကျော် သွားပြီး ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ပွဲတွေလည်း ပါတယ်ပေါ့”
ဟုဆိုပါ သည်။
သမ္မတရုံးမှ အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီးဖြစ်သူ ဦးအောင်မင်းသည် KIA ၏
ဌာနချုပ် ဖြစ်သော လိုင်ဇာကို မသိမ်းပိုက်ရန် သမ္မတမှ စစ်တပ်ကို အမိန့်
ပေးထားသည်ဟု VOA သတင်းဌာနနှင့် ဗွီဒီယို မေးမြန်း ခန်းတွင် ဆိုထားပါသည်။
အစိုးရသည် KIA ကို တပ်ရင်းပေါင်း (၁၂၀)ကျော်နှင့် စစ်ဆင် နေသည်ပြီး ဆက်လက်
တိုးလာ နေလျှက် ရှိသည်ဟု ဦးလာ နန်းက ဆိုပါသည်။ မူလ အခြေအနေ၌ KIA နယ်ထဲတွင်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းပေါင်း (၄၆) ရင်းခန့်သာ
ရှိပါသည်။ ဤကဲ့သို့ KIA နယ်ထဲသို့ အင်အားများ စုပုံ ချထားနေခြင်းသည်
လိုင်ဇာကို မသိမ်းရင်တောင် KIA လှုပ် ရှားမှုကို အင်အားဖြင့်
ထိမ်းချုပ်ထားဖွယ် ရှိနေသည်ဟု KIA က ယူဆနေပါသည်။
Labels:
သတင်း
ငြိမ်းချမ်းရေးနေ့ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူများကို အမှုဖွင့်ပြီ
ကြယ်ပြာ|
September 24, 2012
ကမ္ဘာ့ငြိမ်းချမ်းရေး နေ့က ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ
ရပ်တန့်စေရေး လမ်းလျှောက်ချီတက် ဆန္ဒ ထုတ်ဖော်ပွဲများ ခွင့်ပြုချက်မရှိဘဲ
လုပ်ဆောင်ခဲ့မှုဖြင့် ဦးဆောင်သူ ၁၂ ဦးကို အာဏာပိုင်များက အမှုဖွင့် အရေးယူ
လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၂၁ ရက်နေ့က ကျရောက်သော ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့
အထိမ်းအမှတ်အဖြစ် ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဦးဆောင်ပြီး
အဖွဲ့အစည်းပေါင်း ၁၉ ခုဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး
အပါအ၀င် တနိင်ငံလုံးတွင် လမ်းလျှောက် ချီတက်ဆန္ဒပြပွဲများ၊
ဆုတောင်းပွဲများကို သက်ဆိုင်ရာ အာဏာပိုင်များ တားမြစ်သည့်ကြားမှ
ကျင်းပပြုလုပ် ခဲ့ကြကြောင်း၊ ထိုသို့ ပြုလုပ်သဖြင့် ရန်ကုန်နှင့်
တောင်ကြီးမြို့မှ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၁၂ ဦးကို အာဏာပိုင်များက
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း
လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၈ ဖြင့် အရေးယူလိုက်ခြင်း
ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။
“အခုအထိ ရန်ကုန်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲ
ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်မှုနဲ့ မြို့နယ်ရဲစခန်း ၁၀ ခုက ရန်ကုန်မှာ
ဦးဆောင်တဲ့ ၉ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ ကျနော်တို့ကို
ရဲစခန်းကနေပြီး တရားရုံးတင်မယ် ဆိုရင် လာပါမယ်ဆိုတဲ့ ၀န်ခံကတိ စာရွက်တွေကို
အတင်းအကျပ် လက်မှတ် ထိုးခိုင်းတယ်” ဟု ရန်ကုန်မြို့တွင် ဆန္ဒပြပွဲ
ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် ကိုမိုဃ်းသွေးက ဆိုသည်။
Labels:
သတင်း
ဗိုလ်ချူပ်စောလားပွယ် (DKBA)၏ စက်တင်ဘာလ(၁၁)ရက်နေ့ ထုတ်ပြန်ချက်နှင့် ပါတ်သက်၍ KCM ၏ သဘောထားထုတ်ပြန်ချက်
KCM September 2012 statement
Labels:
သတင်း
Saturday, September 22, 2012
KNU Statement on International Day of Peace
KNU Statement on International Day of Peace 21 Sep _Karen_ 2012_1_
Labels:
သတင်း
မြန်မာ့အရေး လူပ်ရှားသူများ မှ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဒေါက်တာစင်သီယာမောင်နဲ့ ကိုကျော်သူ( နာရေးကူညီမှု ) တို့ ကို NED ဆုချီးမြှင့် -

ဖိနှိပ်တဲ့ အာဏာရှင် အစိုးရတွေရဲ့ အုပ်ချုပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုေ
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှ
ဒီပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ VOA ဝိုင်းတော်သူ မစုမြတ်မွန်က အပြည့်အစုံ တင်ပြပါမယ်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှ
Labels:
သတင်း
Thursday, September 20, 2012
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအဖွင့်မိန့်ခွန်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအဖွင့်မိန့်ခွန်း
အခုလို ထူးခြားပြီး အထူးသဖြင့် အခွင့်အလမ်းရှိတဲ့ အခြေအနေတစ်ရပ်မှာ
(USIP-U. S. Institute of Peace) မှာ ပြန်လာတွေ့ရတဲ့အတွက်
အံ့သြ၀မ်းသာစရာဖြစ်ပါတယ်။
USIP ကိုရော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ ဂျင်မ်မာရှယ်ကိုရော ကျေးဇူးတင်ချင်ပါတယ်။ ရှင်နဲ့အတူ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကျွန်မတို့ အသေအချာ ရှုမြင်ထားပါတယ်။ Asia Society နဲ့ ဟင်နရီရက်တာ ပြီးတော့ ၁၉၅၀ နှစ်များက စတင်ပြီး အချိန်ရဲ့ စမ်းသပ်မှုဒဏ်ကို ခံပြီး တစ်လျှောက်လုံး ရပ်တည်လာတဲ့သူအားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ချင်ပါတယ်။ ရှင်တို့နဲ့ တွဲအလုပ်လုပ်ရတာ ကျွန်မတို့ အရမ်းကျေနပ်ဝမ်းသာမိရပါတယ်။
အခုဆိုရင် ဒီလို စုဝေးမှုရဲ့ ရည်ရွယ်ရင်းက စိတ်လှုပ်ရှားစရာတစ်ခုပါပဲ။ အကြောင်းကတော့ ကျွန်မတို့ဟာ ဒီမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့မှုကို ကိုယ်စားပြုတဲ့၊ လူ့အခွင့်အရေးနဲ့ အခွင့်အလမ်းအတွက် ကိုယ်စားပြုတဲ့၊ သူ့တိုင်းပြည်မှာသာမက ကမ္ဘာတစ်ဝန်းမှာပါ ဒါတွေကို ကိုယ်စားပြုထားတဲ့ တစ်စုံတစ်ဦးနဲ့ တွေ့ခွင့်ရနေပါပြီ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်မှာ တိုင်းပြည်တစ်ပြည်ရဲ့ လွတ်လပ်ပြီး စွမ်းအားကြီးတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကမ္ဘာကြီးကို တိုင်းပြည်အတွက် နည်းလမ်းပေါင်းစုံနဲ့ ဖွင့်လှစ်ပေးနေတဲ့သူတစ်ဦးအဖြစ် ကျွန်မတို့ ပြန်တွေ့ရတာ ၀မ်းသာစရာပါ။

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့် ကျောက်မဲမြို့တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ် ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။
“ခွင့်ပြုမိန့် ကျကျ မကျကျ ကျမတို့ ဆက်လှုပ်ရှားသွားမှာပါ” ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ ဆန္ဒပြုပွဲအတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရဲစခန်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စာတင်ခဲ့သည်။ သို့သော် ဥတ္တရသီရိမြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ထုတ်ထားသော ခွင့်ပြုမိန့်အပြင် မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်းချက်များနှင့် ငြိစွန်းနေ၍ဟု ဆိုကာ ထိုရဲစခန်းမှပင် ၁၆ ရက်နေ့က ငြင်းပယ် လိုက်သည်ဟု သိရသည်။
Labels:
သတင်း
တိုင်းမှူးကို လုပ်ကြံခဲ့တဲ့ KIA ကွန်မန်ဒို
လဖိုင်ဇော်ဆိုင်း (ဓာတ်ပုံ - အာရှလေဘာတီသတင်းဂျာနယ်)
KIA ကချင် လက်နက်ကိုင်အဖွဲ့ရဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း
ပြန်လွတ်လာပါပြီ။ သူက မြန်မာ့ တပ်မတော် တိုင်းမှူးတယောက်ကို လုပ်ကြံမှုနဲ့
ထောင်ထဲမှာ ၂၇ နှစ် နေခဲ့ရသူပါ။
၁၉၈၅ ခုနှစ်မှာ သူနဲ့ တခြား KIA စစ်သား ၃ ယောက်က တိုင်းမှူး ဗိုလ်မှူးချုပ်
အယ်လ်ခွန်ဖန်ကို မြစ်ကြီးနား ဂေါက်ကွင်းနားမှာ စောင့်ပြီး
လုပ်ကြံခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တွေ ဈေးသည် ယောင်ဆောင်ပြီး စောင့်တယ်၊
ခြင်းတောင်းထဲ AK-47 သေနတ် ဖွက်ထားတယ်၊ တိုင်းမှူး ကားလာတော့
လဖိုင်ဇော်ဆိုင်းက ကားဘီးကိုပစ်၊ ပြီးတော့ တိုင်းမှူးနဲ့ ဒရိုင်ဘာကို
ပစ်တယ်၊ လဖိုင်ဇော်ဆိုင်းရဲ့လက်ထောက်တွေက တိုင်းမှူးရဲ့လုံခြုံရေး
စစ်သားတွေကို ပစ်တယ်လို့ ဆိုပါတယ်။
ဆုံရပ်မှာ လူပြန်စုတော့ သူ့လက်ထောက် တယောက် ရောက်မလာတာနဲ့ လဖိုင်ဇော်ဆိုင်း
နောက်ကြောင်း ပြန်လှည့်ပြီး ရှာရာမှာ အဖမ်းခံရ ထောင်ကျပါတယ် တဲ့။
သမီးဖြစ်တဲ့ နာမည်ကျော် အဆိုတော် အယ်လခွန်းရီက ဧရာဝတီကို လွန်ခဲ့တဲ့ ၂
နှစ်က ပြန်ပြောပြတာက သူ့ဖခင်ဟာ သေနတ်ဒဏ်ရာ ၂၈ ချက်နဲ့ ဆေးရုံအရောက်မှာပဲ
သေဆုံးသွားတယ် တဲ့။ (အသက် ၅၇ နှစ်အရွယ် တိုင်းမှူး ကွယ်လွန်ချိန်မှာ
သားသမီး ၆ ဦး ကျန်ရစ်ပါတယ်)
Labels:
သတင်း
Wednesday, September 19, 2012
ကျွန်တော်တို့ရဲ့ ပြောင်းလဲမှုဟာ ဂူထဲမှာ ရှိသေးတယ်.....
အားနည်းချက် ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံ
အခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရ တစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီး
ပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကို ခံနေရပြီး ကျွန်တော်တို့ ဘာမှ
မလုပ်နိုင်ဘူး။
NLD ရွေးကောက်ပွဲ နိုင်တယ်ဆိုတာက
ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်း စစ်တပ်ကနေ ထွက်လာတဲ့ လူတွေချည်းဘဲ လုပ်နေကြတာ။ အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။ ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေ အုပ်ချုပ်နေတုန်
အရေးပေါ် အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလို ဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင် တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ အားနည်းချက် အနေနဲ့ ပြောရရင် NLD ရဲ့ အားနည်းတာ အဲ့ဒါဘဲ။ တိုင်းပြည် ပြုပြင်ပြောင်းလဲ
ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်း အထက်မှဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်း ရှိနေသေးတော့ ဘယ်လို လုပ်ပြီးတော့ ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။
ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲ ရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေ လုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြ ပြောတုန်းဆိုတုန်း ရှိသေးတယ်။ ဒီမိုကရေစီ ပြုပြင်ေ ပြာင်းလဲ
အင်တာနက်စာမျက်နှာသတင်းမှ
Labels:
သတင်း
Tuesday, September 18, 2012
ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံ အခမ်းအနား
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး ပါတီခေါင်းဆောင်တွေ လူထုအခြေပြု
အဖွဲ့အစည်းတွေ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံဟာ စက်တင်ဘာ ၁၆
ရက်နေ့က ပြီးဆုံးသွားပါတယ်။
ဒီညီလာခံကနေ တိုင်းရင်းသား လူမျိုးတွေရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ
နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ပါ လမ်းပြ မြေပုံနဲ့ အဆင့် ၃ဆင့်ပါ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထုတ်ပြန် လိုက်ပါတယ်။
လက်ရှိအစိုးရက အချက် ၈ ချက်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရေးဆွဲထားတာ
ရှိပေမယ့် ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတာကြောင့် ဒီတိုင်းရင်းသား ညီလာခံကနေ
လမ်းပြမြေပုံ ၆ ချက် ထုတ်ပြန်လိုက်တာ ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင် ဦးခွန်ဥက္ကာ က အခုလို ပြောဆိုပါတယ်။
Labels:
သတင်း
2012 တိုင်းရင်းသားလူမျိုးများညီလာခံ၏ ထုတ်ပြန်ချက်
Statement of 2012 Ethnic Nationalities Conference-September 16_ 2012
Labels:
သတင်း
Monday, September 10, 2012
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ပြန်လာဖို့ အစိုးရ ဖိတ်ခေါ်
ကိုရန်နိုင်08.09.2012
ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာအစိုးရကနေ မြန်မာနိုင်ငံကို
ပြန်လာဖို့ သူ့ရဲ့ မိသားစုကနေ တဆင့် ဖိတ်ခေါ်ထားပါတယ်။ မြန်မာအစိုးရဘက်က
ဒီလိုဖိတ်ခေါ်ချက် အပေါ်မှာ ဗိုလ်မှူးချုပ်ကျော်ဇောဘက်က သဘောထား ဘယ်လိုရှိသလဲ
ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ ကျန်းမာရေးအတွက် အနီးကပ်
ပြုစုစောင့်ရှောက်နေတဲ့ သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောကို ဗွီအိုအေက
ကိုရန်နိုင်က ဆက်သွယ် မေးမြန်ထားပါတယ်။
ဗိုလ်မှူးချုပ်ကျော်ဇော ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ မြန်မာပြည်ကို ပြန်လာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က တရားဝင် အကြောင်းကြားလာပါပြီလား ခင်ဗျာ။ -
“ဟုတ်ကဲ့ အကြောင်းကြားလာပါတယ်။ သမ္မတရုံးဝန်ကြီး ဖြစ်တဲ့ ဦးအောင်မင်းက ကျမကို တိုက်ရိုက် ဖုန်းဆက်ပြီးတော့ သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ အဘဗိုလ်ကျော်ဇောကို ရဲဘော်သုံးကျိပ်ဝင် တဦး အဖြစ်နဲ့ ပြန်လာခွင့် ပြုပါတယ်လို့ ပြောပါတယ်။ ပြန်လာဖို့ ဖိတ်ပါတယ်လို့ ကျမကို တိုက်ရိုက် ပြောပါတယ်။”
အဲဒီကိစ္စကို ဘယ်လိုများ စီစဉ်ထားလဲ ခင်ဗျ။ -
“သူကပြောတာက ရဲဘော်သုံးကျိပ်အနေနဲ့ ဖိတ်တယ်လို့ ပြောတာပါ။ အဲတော့ ကျမ ပြောတာကတော့ ကျမတို့ ဒီမှာနေနေတဲ့ အဆင့်ဟာဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ နိုင်ငံရေး ခိုလှုံပြီးနေနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ကျမတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ညှိနှိုင်းဖို့ ဆွေးနွေးဖို့တွေ ရှိပါတယ်။ အဲဒါက တစ်ချက်ပေါ့။ နောက်တစ်ချက် ကတော့ ဖေဖေရဲ့ အခုလောလောဆယ် ကျန်းမာရေး အခြေအနေက ခရီးထွက်လို့လည်း မဖြစ်ပါဘူး။ ဒါကြောင့်မို့လို ကျန်းမာရေး တစုံတရာ တည်ငြိမ်လာတဲ့အထိ ကျမတို့ စောင့်ရပါလိမ့်အုံးမယ်၊ ကျန်းမာရေးကောင်းလာမှ ဆက်ပြီးတော့ ဆွေးနွေးတာပေါ့လို့ ပြောထားပါတယ်။”

လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ ဂုဏ်ပြုသီချင်း
Labels:
မီဒီယာ
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန်များ အချည်းနှီးဖြစ်
ပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်
သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ
အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန်
အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့ကနေ ပြည်တော်မှာ
သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး
ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး
ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ
ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန်
ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊
မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။
သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏
ဝန်ကြီး များနှင့်သာ တွေ့ခွင့် ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ
ကိုနိုင်အောင်အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင်ပြည်နယ်၌
ဖြစ်ပွားခဲ့သော ကျောင်းသားတပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော
ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။
ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊
နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန်
ပြင်ဆင် နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စား နေသူတဦးက ပြောပါသည်။
Labels:
သတင်း
Sunday, September 9, 2012
ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု
လွတ်လပ်ရေး၏ မီးရှူးတန်းဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ၂၀၁၂ ခုနှစ်
စက်တင်ဘာလ ၉ ရက်နေ့ (ဦးဥတ္တမနေ့)တွင် စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်
တစ်ဝန်းလုံးတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဦးဥတ္တမ ကြေးရုပ်ရှေ့တွင် ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိ ပူဇော်ခြင်း၊ လွမ်းသူ့ ပန်းခွေများဖြင့် ကြည်ညို ပူဇော်ခြင်းများကို ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း ဖြင့်လည်း သိရသည်။
ဆရာတော် ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်မှ စတင်ကာ လွတ်လပ်စွာ ကျင်းပလာနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းကတော့ ဆရာတော်နေ့မှာ လွမ်းသူပန်းခွေ ချတာတို့၊ ဆရာတော်အကြောင်း ဟောပြော တာတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့်မရခဲ့ဘူး။ အမြဲစောင့်ကြည့်ခြင်း ခံခဲ့ရတယ်။ အခုအစိုးရသစ် လက်ထက်မှာတော့ နေ့ထူးနေ့မြတ်တွေကို လုပ်ခွင့်ရလာတာ ၀မ်းသာ ကြိုဆိုပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦး ကပြောသည်။
Posted By Admin-KMO
Copy from - News of Myanmar

ပြည်တွင်းစစ်တွင် ဆုတံဆိပ်များပေးခြင်းသည် စည်းလုံးမူကို ထိခိုက်နိုင်
လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်များတွင် အစိုးရတပ်မတော် စစ်သည်များကို ဘွဲ့၊ ဆုတံဆိပ်များ ပေးအပ်ခြင်းသည် ရေရှည် တိုင်းရင်းသား စည်းလုံးမူကို ထိခိုက်စေပြီး ပြည်တွင်းစစ်ကို ပိုမို ကြာစေ လိမ့်မည် ဖြစ်ကြောင်း
“အရင် စစ်အာဏာရှင်စနစ် တည်ထောင်တဲ့အခါ မက်လုံးပေးတဲ့ အနေနဲ့ အသုံးပြုခဲ့တဲ့ဟာတွေပါ။ နိုင်ငံခြား ကျူးကျော်မူ မရှိတော့တဲ့နောက်ပိုင်း သူရဘွဲ့ ပေးသင့်တာလည်း မရှိသလောက် ဖြစ်သွားတယ်။ နဂိုကမှ ဗမာဆိုရင် အမြင်မကြည်တဲ့ တိုင်းရင်းသား ကလေးငယ်တွေအတွက်တော့ သူရဘွဲ့ထပ် ပေးမယ်ဆိုရင် ပိုပြီး ဆိုးသွားနိုင်ပါတယ်။ ကိုယ့်သွေးချင်းချင်း သူတပြန် ကိုယ်တပြန် သတ်လို့ရတာက ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး ” ဟု ၄င်းက ဆိုသည်။
သူရဘွဲ့များကြောင့် တိုင်းရင်းသားများနှင့် ဗမာတို့အကြား စည်းလုံးရေးကို ပိုမို ပျက်ပြားစေနိုင်ပြီး အမုန်းတရားများကို ပံ့ပိုးသကဲ့သို့ ဖြစ်စေနိုင်ကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေသူများကို ဘွဲ့တံဆိပ်များ ပေးနိုင်ရန်အတွက် အစိုးရဘက်မှ စာရင်းကောက်ယူမူများ ရှိနေသည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်က ပြောသည်။
Labels:
သတင်း
KNU နှင့် အစိုးရ၏ သတင်းစာရှင်းပွဲ အပြည့်အစုံ။ (KIC ရုပ်သံ)
ဒီဗီဒီယိုဖိုင်က ပို၍ ပြည့်စုံပါသည်။
ပုဒ်မ ၁၇/၁ နှင့်ပါတ်သက်၍ ၀န်ကြီးဦးအောင်မင်း ရှင်းလင်းချက်ကို တွေ့ ရမှာဖြစ်ပါတယ်။
Labels:
မီဒီယာ
Friday, September 7, 2012
ဖားကန့်ဒေသခံတစ်ဦး အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး
06 September 2012
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းကျေးရွာမှ ရွာသား ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အသက် (၂၇) နှစ်ကို မြန်မာ အစိုးရစစ်တပ်မှ ယမန်နေ့ ပစ်ခတ်လိုက်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများ ပြောသည်။
မော်ဝမ်း (Maw Wan) ကျေးရွာမှ ဦးကရဲန်နော်ကျန်းနှင့် ညီဖြစ်သူ
ကရဲန်မာလတို့ နှစ်ဦးသည် ဖားကန့်ကျောက်စိမ်း တူးဖော်ရာနေရာသို့ ကုမ္မဏီက
ကျန်ရှိနေသော ဆန်၊ ဆီ၊ ဆား စားစရာများကို ခွင့်ပြုချက်ဖြင့် သွားယူနေစဉ်
လမ်းတွင် အစိုးရတပ်မှ ပစ်ခတ်လိုက် ခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။
Labels:
သတင်း
တိုင်းရင်းသားရေးရာ ဝန်ကြီးများ သမ္မတ ဦးသိန်းစိန်ကို တင်ပြမယ့် အချက်အလက် ဆွေးနွေးပွဲ
Labels:
မီဒီယာ
Tuesday, September 4, 2012
KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဖားအံတွင် ဆွေးနွေးပွဲစတင်
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)
တတိယအကြိမ်မြောက်
မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ မနက် ၈နာရီ၌
ဆွေးနွေးမှုကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် စတင်ခဲ့ကြသည်။
ယင်းဆွေးနွေးတွင် KNU ဘက်မှ ဗဟိုအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်စစ် ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ ဂျီသရီး ဗိုလ်မှူး စောတာမလာသော၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့၊ ပဒို အားတိုး၊ စောအောင်ဝင်းရွှေ၊ စောလှထွန်း၊ ပဒိုသောသီဘွဲ၊ နော်မေဦး စုစုပေါင်း ကိုယ်စားလှယ်(၉)ဦးပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် KNU ဘက်မှ နိုင်ငံတကာ လေ့လာသူ ၂ဦးနှင့် ပြည်ထဲလေ့လာသူ စုစုပေါင်း ၆ဦးတက်ရောက်ခဲ့သည်။
အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအ၀င် ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ လ၀က ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဝင်း၊ ပြည်ထောင်စု နယ်စပ်ရေးရာနှင့် လုံခြုံရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ စရခ မှ ဗိုလ်မှူးကြီး ကျော်ဝင်းဌေး၊ ဖာပွန်မြို့နယ် အငြိမ်းစားလွှတ်တော်ကိုယ်စားလှယ် စောထွန်းမြအောင်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းနှင့် ဒုဥက္ကဌ မန်းလှမြိုင်၊ ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန့်စေအွာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောသိန်းအောင် နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြသည်။

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ
ဖနိဒါ
|
တနင်္လာနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၄ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့
မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့်
ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည်
ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။
ယခုလ ၁ ရက် နေ့မှစတင်၍ အစိုးရတပ်အင်အား မြစ်ကြီးနား၊ ဖားကန့်ကားလမ်းအတိုင်း အရပ်ဝတ်ဖြင့် လာရောက်ဖြည့်တင်းနေပြီး ဖားကန့်၊ ဆိုင်းတောင်၊ လောန်ခန် စသည့်နေရာများ အပါအဝင် နေရာအနှံ့ အနည်းဆုံး စစ်သား ၅ဝ မှ ၂ဝဝ ကြား ရှိနေသည်ဟု KIA စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။
“တရက်နေ့ နှစ်နာရီကနေ အစိုးရတပ် ၆ဝ လောက် ကားနှစ်စီးနံ့ မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လာတယ်။ ဘယ်တပ်ရင်းဆိုတာ မသိသေးဘူး။ အားလုံးအင်အား ဘယ်လောက်ဆိုတာ ခန့်မှန်းရခက်တယ်။ တနေရာမှာ ၅ဝ ကနေ ၂ဝဝ ကြားရှိတယ်။ သူတို့က အရပ်ဝတ်နဲ့ ဒေသခံတွေနဲ့ရောပြီး တက်လာတာ”ဟု KIA တပ်သားတဦးက ပြော သည်။
ယမန်နေ့ကလည်း ရဟတ်ယာဉ်များဖြင့် အစိုးရတပ်ဖွဲ့ အင်အား ၂ဝဝ ထက်မနည်း လက်နက်ကြီးများနှင့် အတူဖြည့်တင်းထားသည်ဟု သိရသည်။
KIA ဘက်မှလည်း မိုးကောင်းမြို့နယ် အထက်ပိုင်းမှ ဖားကန့်၊ လောန်ခန် စသည့် လမ်းတလျှောက်တွင် KIA တပ်သားများ နေရာယူထားပြီး ဖြစ်ပြီး အသင့်အနေအထား တပ်လှန့်ထားသည်ဟု ဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့က နှစ်ဘက်တိုက်ပွဲကြောင့် ဝေအောင်ကမ္ဘာ ကုမ္ပဏီ၏ လောင်စာဆီသိုလောင်ရုံထဲ လက်နက် ကျသဖြင့် ပေါက်ကွဲမှုတခု ဖြစ်ပွားစဉ် အစိုးရဘက်မှ အကျအဆုံး အနည်းဆုံး ၅ဝ ခန့် သေဆုံးနိုင်သည်ဟု KIA ဘက်မှ ခန့်မှန်း ပြောဆိုသည်။

မေတ္တာဖြင့် နှောင်ဖွဲ့သော ကရင်ရိုးရာ လက်ချည်ပွဲ
နှင်းပန်းအိမ် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၈ မိနစ်.
“ကျေးရွာရှိရင်
ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်း
ရှိတယ်” လို့ ကျမ မှတ်သားခဲ့ဖူးပါတယ်။ သဘာဝတရားနဲ့ ယှဉ်တဲ့ အရာတွေနဲ့
ရင်းနှီးကျွမ်းဝင်ပြီး ဒီသဘာဝတရားတွေကို ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့တွဲပြီး
ယဉ်တွဲဖေါ်ပြခဲ့တဲ့ ဝါခေါင်လပြည့် ကရင်ရိုးရာ လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊
နို့ဖိုးဒုက္ခ သည်စခန်းထဲ မှာ ကျင်းပခဲ့ပါတယ်။
မိုးဖွဲ မှုန်မှုန်တွေကြားမှာ ရိုးရာဝတ်စုံ ဝတ်ထားတဲ့ အဘိုးအဘွားတွေ လူကြီးလူငယ် ပျိုရွယ်သူတွေ စခန်းရုံးထဲမှာ ကျင်းပမယ့် လက်ချည်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ စခန်းရုံးထဲမှာ လူတွေ အပြည့်ပါပဲ။ နိုင်ငံခြားသားတွေလည်း ကရင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝိဉာဉ်ခေါ်မယ့် စကောတွေရှေ့မှာ အဘိုးအဘွားတွေနဲ့ လူငယ်ယောက်ျားလေး မိန်းကလေးတွေနဲ့ အတူ ထိုင်နေကြပါတယ်။
စားပွဲရှည်ကြီးပေါ်မှာ စကောအချပ်ပေါင်း ၃ဝ လောက် ရှိပါတယ်။ ကြံကို အခွံခွာပြီး ပိုင်းထားတဲ့ ကြံဆစ်ပိုင်းတွေ၊ ငှက်ပျောတဖီး၊ ထမင်း ခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်၊ ဝါးရေခွက်၊ ဝါးယောက်မ၊ ချည်ဖြူလုံးတွေ ပန်းနုနွယ်အညွှန့်တွေကို စကောထဲ စုထည့်ထားတယ်။
စခန်းရုံးထဲမှာ ကလေးငယ်တွေကလည်း လူကြီးတွေကြားထဲမှာ “ဘယ်သူရေ ဘယ်ဝါရေ” လို့ အော်ဟစ်ပြီး အတင်းတိုးဝှေ့လို့ စားပွဲပေါ်က စကောတွေကို ကြည့်ပြီး သွားရည် ကျနေကြတယ်။ ဝိဉာဉ်ခေါ်ပြီး ချည်ဖြူချည်ပြီးရင် စားရမယ်ဆိုတာ သိလို့ အနားက မခွာနိုင်ကြပါဘူး။ ဖိနပ်မပါတဲ့ ခြေထောက်ကို မြဲအောင်ရပ်ပြီး စောင့်နေကြတယ်။
ကရင့်ရိုးရာတွေ မွှန်းထုံနေတဲ့ စခန်းရုံးထဲမှာ စခန်းလုံခြုံရေးတာဝန်ရှိသူ တီးလှရွှေ က “ဝါလေးဂေ” မင်္ဂလာနံနက်ခင်း ပါ လို့ နှုတ်ဆက်လိုက်တဲ့အခါ လူထုပရိတ်သပ်ကလည်း “ဝါလေးဂေ” လို့ ပြန်နှုတ်ဆက်လိုက်တဲ့ အသံက စခန်းရုံး တခုလုံး ဟိန်းထွက်သွားတယ်။ ဝါခေါင်လပြည့် ချည်ဖြူပွဲအတွက် အမှတ်တရစကား ပြောပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။

Subscribe to:
Posts (Atom)