Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, September 19, 2012

ကျွန်တော်တို့ရဲ့ ပြောင်းလဲမှုဟာ ဂူထဲမှာ ရှိသေးတယ်.....

 
 
အားနည်းချက် ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရ တစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကို ခံနေရပြီး ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူး။

 NLD ရွေးကောက်ပွဲ နိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန် ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ် ဆိုတာလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်း ကလည်း မဲအပြတ်အသတ်နဲ့ နိုင်တာဘဲ။ အာဏာ လွှဲပြောင်းတာတွေ ဘာတွေ မရှိဘူး။

ဗမာပြည်မှာ စစ်တပ်ကလည်း ရှိနေသေးတယ်။ လွှတ်တော်မှာလည်း စစ်တပ်ကနေ ထွက်လာတဲ့ လူတွေချည်းဘဲ လုပ်နေကြတာ။ အစိုးရဆိုတာကလည်း ဦးတပ်တပ် ဗိုလ်တပ်တပ် ဒီလူတွေဘဲ။  ပြောချင်တာက တိုင်းပြည်မှာ စစ်ဗိုလ်တွေ အုပ်ချုပ်နေတုန်းဘဲ။ သူတို့ ကို တရားဝင် ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကလည်း အာဏာအချိန်မရွေး သိမ်းလို့ ရတယ်။ ကာ/လုံ ကောင်စီကလည်း စစ်ဗိုလ် ၆ ဦး ပါတယ်။ စစ်ဝတ်စစ်စား ၀တ်ထားတဲ့ စစ်ဗိုလ်။ အဲဒီအဖွဲ့ က တိုင်းပြည်မှာ
အရေးပေါ် အခြေအနေရှိရင် ဥပမာ ရခိုင်ကိစ္စလို ဟာမျိုးပေါ့။ သူတို့ လုပ်ချင်ရင် တိုင်းပြည်အာဏာကို လွှဲပြောင်းယူလို့ ရတယ်။ အားနည်းချက် အနေနဲ့ ပြောရရင် NLD ရဲ့ အားနည်းတာ အဲ့ဒါဘဲ။ တိုင်းပြည် ပြုပြင်ပြောင်းလဲအောင် ဘာမှ မလုပ်နိုင်ဘူး။ လွှတ်တော်ထဲကို အခြေခံဥပဒေကို ပြင်ဖို့ သွားတယ်။
ပြင်ဖို့ လမ်းစ မရှိသေးဘူး။ ပြင်လို့ လည်း မရနိုင်ဘူး။ ၇၅ ရာခိုင်နှုန်း အထက်မှဆိုတော့၊ စစ်တပ်က ၂၅ ရာခိုင်နှုန်း ရှိနေသေးတော့ ဘယ်လို လုပ်ပြီးတော့ ကြံ့ဖွံ့ တွေကြားထဲမှာ ဘယ်လိုမှမရနိုင်ဘူး။

ဒီအတိုင်းဘဲ ကျွန်တော်တို့ ဂူထဲမှာဘဲ ရှိနေသေးတယ်။ အစိုးရကိုရော ဘာတွေ လုပ်နိုင်သလဲလို့ သွားမေးကြည့်။ သူတို့ ဟာနဲ့ သူတို့ တောင် တိုက်ကြခိုက်ကြ ပြောတုန်းဆိုတုန်း ရှိသေးတယ်။ ဒီမိုကရေစီ ပြုပြင်ေ ပြာင်းလဲရေး ဆိုတာ ဘယ်လိုဖြစ်နေလဲ။ လယ်သမား ကိစ္စတွေကြည့်၊ ရေကြီးတာတွေကြည့်၊ တချို့ အာဏာပိုင်တွေက ဒါ ရေကြီးတာ မဟုတ်ဘူးငြင်းလို့  မီဒီယာတွေက ဓာတ်ပုံရိုက်ပြမှ လက်ခံ သွားကြတယ်။ လူတွေ ဘယ်လောက် ဆင်းရဲဒုက္ခ ရောက်နေလဲ။ အလုပ်သမားတွေ ဘယ်လောက် ဆင်းရဲနေသလဲ။ ကြေးနိတောင်တို့ ဘာတို့  ခင်ဗျားလည်း ကြားမှာပေါ့။ လယ်သမားတွေ လက်လုပ်လက်စားတွေ ဘာဖြစ်လဲ။ ဘာမှ မဖြစ်သေးဘူး။ ကျွန်တော်တို့ က အဲဒီတော့ ဂူထဲမှာ ရှိနေသေးတယ်လို့  ပြောရမှာဘဲ။
 
အင်တာနက်စာမျက်နှာသတင်းမှ

No comments:

Post a Comment