တောင်တရုတ်နဲ့ အရှေ့တရုတ် 
ပင်လယ်ပြင်မှာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံကြား ပိုင်ဆိုင်မူ ဆက်လက် 
အငြင်းပွား နေကြမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်တောင် ဖြစ်လာနိုင်တယ်လို့ 
အမေရိကန် ကာကွယ်ရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။
 ဂျပန်ကို 
မကျေနပ်တဲ့အတွက် ဆန္ဒပြသူ တရုတ်နိုင်ငံသားများ တောင်တရုတ်နဲ့ အရှေ့တရုတ် 
ပင်လယ်ပြင်က ကျွန်းတွေကို တရုတ်နဲ့ ဂျပန်တို့က ပိုင်ဆိုင်မူ 
အငြင်းပွားနေပြီး နှစ်ဖက်စလုံးက တဦးပေါ်တဦး ရန်စတဲ့အပြုအမူတွေ 
လုပ်နေတဲ့အတွက် စစ်ဖြစ်နိုင်ပြီး တခြားနိုင်ငံတွေပါ ပါဝင်လာတဲ့အထိ ပြဿနာ 
ရှိနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောသွားတာ 
ဖြစ်ပါတယ်။
 ပိုင်ဆိုင်မူ အငြင်းပွားနေတဲ့ ကျွန်းကို ဂျပန်က 
ဝယ်ယူမယ်လို့ ပြောပြီးနောက် ဂျပန်ကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံမှာ 
ရက်ဆက်ဆိုသလို ဆန့်ကျင် ဆန္ဒပြမူတွေ လုပ်နေပါတယ်။
 ဂျပန်ကို 
ဆန့်ကျင်တဲ့ ဆန္ဒပြမူတွေ တရုတ်နိုင်ငံ တလွှားမှာ ဖြစ်နေတဲ့အတွက် 
တရုတ်နိုင်ငံတွင်းရှိ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်စီးပွားရေးတွေကို 
လုံခြုံရေး အပြည့်အဝပေးဖို့ ဂျပန်အစိုးရက တရုတ်အစိုးရကို 
ပြောလိုက်ပြီးနောက် အမေရိကန်နိုင်ငံက ခုလို သတိပေးချက်တွေ ပြောဆို 
လိုက်တာဖြစ်ပါတယ်။
 မြို့ကြီး ၈၀ ကျော်က ဆန္ဒပြ တရုတ်ပြည်သူတွေက 
ဂျပန်လူမျိုးတွေ ဂျပန်နိုင်ငံကို ပြန်ဖို့ ပြောဆိုနေပြီး စနေနေ့တုန်းက 
ဂျပန်သံရုံးကို ကျောက်တွေ၊ ရေဗူးတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက်ပြီးနောက် 
လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။
 တချို့မြို့တွေမှာတော့ 
ဂျပန်နိုင်ငံနဲ့ ဆက်စပ်မူရှိတဲ့ ဈေးဆိုင်ကို ဝင်ရောက် လုယူမူတွေနဲ့ 
ကားရောင်းဝယ်ရေး ဌာနတခုကို မီးရှို့ဖျက်ဆီးမူတွေ လုပ်ခဲ့ကြောင်းလဲ 
သိရပါတယ်။
 
No comments:
Post a Comment