Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, September 29, 2012

KNLA စစ်ဦးစီးချုပ်၏ ဖားအံ ခရီးစဉ် KNU ဌာနချုပ်၏ အစီအစဉ်မဟုတ်

ကရင်အမျိုးသား တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင် သည့်အဖွဲ့ အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံရန် သွားရောက်သည့်ကိစ္စ ဗဟိုဌာနချုပ်၏ အစီအစဉ် မဟုတ်ကြောင်း KNU ကပြောသည်။
ကရင်ပြည်နယ် ဖားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် ယခုလ (၂၉) ရက် နေ့၌ စီစဉ်ထားသလို အဖွဲ့ဝင် (၃၁) ဦးလိုက်ပါသွားသည့် ကိစ္စအပေါ် ကရင် အမျိုးသား အစည်းအရုံး KNU က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်သည်။  
ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ဦးစီးချုပ်နှင့်အဖွဲ့ စက်တင်ဘာလ (၂၇) ရက်နေ့ နံနက်ပိုင်း က ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့မှ ထွက်ခွာ သွားသည့်အပေါ် ပြည်သူလူထုများ ရှင်းလင်းစွာ သိနိုင်ရန် ရည်ရွယ်၍ ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က အခုလို ပြောသည်။
“ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့အဖွဲ့ ဖားအံမှာ ဆက်ဆံရေးရုံး ဖွင့်ဖို့ သွားတာကို တချို့ပြည်သူ လူထု တွေကတွေ့ဆုံဆွေးနွေးရေး ကိစ္စလား၊ ဘယ်လို ကိစ္စနဲ့ သွားတာလဲလို့ မေးတာပေါ့လေ။ အဲဒါနဲ့ ကျမတို့ကလည်း ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ အတွက် ရှင်းပြတာ ဖြစ်တယ်။ သူတို့ သွားတဲ့ ကိစ္စကို ကျမတို့က မသိဘူးလို့ ရှင်းပြတာပါ။”
KNU ဦးဆောင်မှုဖြင့် သွားရောက်ခြင်း မဟုတ်သဖြင့် KNU နှင့် KNLA အပေါ် လူထုက တစုံတရာ အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် “ဘယ်လိုပဲဖြစ်ဖြစ် KNLA က လုပ်ဆောင်ရမယ့် အပိုင်းကတော့ ဆွေးနွေးညှိနှိုင်းမှု ရှိရမှာပေါ့နော်။ ကျမတို့လည်း မသိ၊ KNLA ဌာနချုပ်ကလည်း မသိဖြစ်နေတယ်။ အသိမပေး အကြောင်းမကြားဘဲ ထွက်သွား တာပေါ့နော်။” ဟု နော်စီဖိုးရာစိန်က ပြောသည်။

ထို့အပြင် KNU ၏ ဌာန (၁၄) ခုအနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန၏ အုပ်ချုပ်မှုနှင့် ဦးဆောင်မှု အောက်တွင် KNLA ပါဝင်ပြီး အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် လက်မှတ် ရေးထိုးစဉ်က KNU အနေဖြင့်သာ လက်မှတ်ရေးထိုးခဲ့ပြီး KNLA အနေဖြင့် သီးသန့် သဘောတူညီမှု ရယူထားခြင်း မဟုတ်ကြောင်း ကြေညာချက်ကဆိုသည်။
ယခုခရီးစဉ်၌ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းမှု ပြုလုပ်၍ တစုံတရာ သဘောတူ ညီချက် ရယူခဲ့ပါက KNU ၏ စည်းမျဉ်း၊ စည်းကမ်းနှင့် ကိုက်ညီမှုရှိမရှိ ဦးစွာ စိစစ်ရမည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။ အလားတူ ယခုခရီးစဉ်အပေါ် အပစ်ပေး အရေးယူမှု လုပ်မလုပ်နှင့် ပတ်သက်၍လည်း အဖွဲ့တာဝန်ရှိသူများ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်နိုင်မည် ဟု ဆက်လက်ပြောဆိုသည်။
စစ်ဦးစီးချုပ် ဦးဆောင်သည့်အဖွဲ့တွင် ခရိုင်အချို့နှင့် တပ်မဟာအချို့တို့မှ ခေါင်းဆောင် အချို့ပါဝင်သည်ဟု ကြေညာချက်က ဖော်ပြပြီး ၎င်းခရီးစဉ်အရ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်  သွားရောက်ခြင်းဟု ကြားသိရကြောင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍ ဆွေးနွေး၊ မဆွေးနွေး ဆိုသည်ကို မသိရကြောင်း နော်စီဖိုးရာစိန်က ပြောသည်။
KNU နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ အပစ်အခတ်ရပ်စဲရေး ပဏာမအဆင့် သဘောတူညီချက်ကို ကရင်ပြည်နယ် ဖားအံမြို့တွင် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ (၁၂) ရက်နေ့က လက်မှတ်ရေးထိုးခဲ့ရာ နှစ်ဖက် ဆက်ဆံရေးရုံးများ ထားရှိရေးလည်း ပါဝင်သည်။
ယခုနှစ် ဧပြီလမှ စတင်၍ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူနှင့် မြ၀တီမြို့ တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖားအံမြို့တွင် ပဉ္စမမြောက်ရုံးကို ဖွင့်လှစ်မည် ဖြစ်သည်။
copy rights_http://www.nmg-news.com/bur/index.php?option=com_content&view=article&id=484&catid=5&Itemid=12

No comments:

Post a Comment