Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, April 29, 2011

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

28 April 2011 ,


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာ အတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့် နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ် ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သော အဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲ မှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မြ၀တီမှာ ထိုင်းနဲ့ မြန်မာရဲတွေ အထူးစည်းဝေးပွဲ လုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံ အဖွဲ့တွေကို ထိုင်းဘက်က အရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံ အထောက်အထားတွေထဲမှာ မြန်မာ အတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက် အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာဘက်က အဓိက ဆွေးနွေးသည့် အချက်တွင် မြ၀တီခရိုင်အတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် ဗုံးခွဲ တိုက်ခိုက် မှုများသည် ထိုင်းဘက်တွင် အခြေစိုက်သည့် မြန်မာအတိုက်အခံ အဖွဲ့များက ပြုလုပ် နေခြင်း ဖြစ်သည့်အတွက် ထိုင်းဘက်မှ အမြန်ဆုံး အရေးယူမှုများ ပြုလုပ်ပေးရန် ပါရှိသည်ဟု သိရသည်။


ယမန်နေ့က ပြုလုပ်သည့် ထိုအထူးစည်းဝေးပွဲသို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရဲမှူးကြီး Pol. Maj.Gen Chamlong Nomsian နှင့် အတူ ခရိုင်အဆင့် အကောက်ခွန်ဌာန၊ ထိုင်းလ၀က၊ ကာကွယ်ရေးဌာန၊ နယ်ခြားကော်မတီ စသည့်အဖွဲ့များမှ အဆင့်မြင့် အရာရှိများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

မြန်မာဘက်မှ မြ၀တီခရိုင် ရဲမှူး ဒုရဲမှူးကြီး ခင်ကျော်၊ ရဲမှူး လေးစိုး(ဦးစီး)၊ ရဲမှူး လင်းဦး(သတင်းတပ်ဖွဲ့)၊ ဒုရဲမှူး အောင်ငွေ၊ ဒုရဲမှူး ကြီးရွှေ(လူကုန်ကူး-အထူး)၊ ဒုရဲမှူး စောလေးဝါး(မူးယစ် အထူး)၊ ရဲအုပ်သိန်းလွင်(မူးယစ်အထူး-BLO)၊ ရဲအုပ် အောင် မျိုးလွင် နှင့် ဒုရဲအုပ် ဆွေလတ် တို့ တက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးမှ နှစ်နိုင်ငံ တာဝန်ရှိသူများ သဘောတူညီချက်အရ မကြာမီ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ နှင့် မြ၀တီခရိုင်အတွင်း ရာဇ၀တ်မှု နှိမ်နှင်းရေးဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့် လုပ်ဆောင် လာနိုင်သည်ဟု မဲဆောက်ရှိ ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောဆိုသည်။

သတင်းရင်းမြစ် - ဧရာဝတီ

No comments:

Post a Comment