သဘာဝဘေးဒဏ် သင့်သူများအတွက် မန္တလေးမှာ ဆုတောင်းပွဲပြုလုပ်
ဆူနာမီငလျင် ဘေးဒဏ်ခံ ဂျပန်ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့ကြရန်  Social Media လူမှုသတင်း ကွန်ယက်များက အင်တာနက်အွန်လိုင်း မှတဆင့်  လှုံ့ဆော်ခဲ့ကြပါသည်။ (Screen Shot from Web)
Please Light a Candle Now at: http://www.socialkonnekt.com/ Tsunami/ 
2011-04-02,မန္တလေးတိုင်းက လူမှုရေး ကွန်ယက်အဖွဲ့ ၄ဝ  ကျော် စုပေါင်း ကမကထပြုပြီး ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီ လှိုင်းဒဏ်  သင့်သူတွေနဲ့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းက မြေငလျင်ဒဏ် သင့်သူတွေ အတွက်  ဘာသာဝင်ပေါင်းစုံ မေတ္တာပို့ ဆုတောင်း ဝတ်ပြုပွဲနဲ့ ရန်ပုံငွေရှာပွဲကို  မန္တလေးမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၅  လမ်း-၂၆ လမ်းကြားမှာ ရှိတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းမှာ ကျင်းပတဲ့ အဲဒီ  အခမ်းအနား အကြောင်းကို YSCM -Youth for Social Change Myanmar  “မြန်မာနိုင်ငံ လူမှုရေး အပြောင်းအလဲ အတွက် လူငယ်များအဖွဲ့” က အမှုဆောင်  ညွှန်ကြားရေးမှူး ကိုနစ်ကီက ပြောပြပါတယ်။
“ဘာသာကြီးလေးခုက  ဘာသာရေးခေါင်းဆောင်တွေနဲ့ ပြည်သူလူထုကို ဖိတ်ပြီးတော့ ဂျပန်မှာ  ဆူနာမီကြောင့် သေဆုံး၊ ဒုက္ခရောက်သူတွေအတွက် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ စတဲ့  ဘာသာအလိုက် မေတ္တာပို့ ဆုတောင်းကြတာပါ”
အခမ်းအနားမှာ ဂျပန်နိုင်ငံက သဘာဝ  ဘေးဒဏ်သင့်သူတွေအတွက် ရန်ပုံငွေ ကောက်ခံပါတယ်။ ဒီ သတင်း ရေးနေချိန်အထိ  ကောက်ခံရရှိငွေ ရေတွက်နေတုန်းပဲ ဖြစ်ပြီး မြန်မာကျပ်ငွေ ၂၄ သိန်းနဲ့  အမေရိကန်ဒေါ်လာ တထောင့်တရာကျော် ရရှိထားပြီလို့ ကိုနစ်ကီက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံက  လူမှုရေး အထောက်အကူနဲ့ ဘဏ္ဍာရေး အကူအညီတွေ ရရှိထားတဲ့ နိုင်ငံ  ဖြစ်တဲ့အကြောင်း၊ ဒါကို အသိအမှတ်လည်းပြု၊ လေးလည်း လေးစားရတဲ့အကြောင်း၊  ခုလို ဂျပန်လူမျိုးတွေ သဘာဝ ဘေးအန္တရာယ်နဲ့ ရေဒီယို သတ္တိကြွပစ္စည်း အန္တရာယ်  ကျရောက်ချိန်မှာ လူသားချင်း စာနာတဲ့အနေနဲ့ ခုလို ဝတ်ပြုဆုတောင်းပြီး  လှူဒါန်းငွေ ကောက်ခံရတဲ့အကြောင်း YSCM က ပြောပါတယ်။
Copy from - rfa.org/











No comments:
Post a Comment