နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့
ဂျပန်နိုင်ငံမှာ မတ်လ (၁၁) ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့  ဆူနာမီလှိုင်းဒဏ်တွေကြောင့် နျူကလီးယား လျပ်စစ်စက်ရုံတွေမှာ  အပျက်အစီးတွေဖြစ်ခဲ့ရပြီး၊ နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့တွေ  ယိုစိမ့်ထွက်လာခဲ့ရပါတယ်။ ဒီရေဒီယို ဓာတ်သတ္တိကြွမှု့တွေရဲ့  ပမာဏဟာ  တဖြည်းဖြည်းများလာပြီး ပတ်ဝန်းကျင်က လေထု၊ ရေထုနဲ့ မြေထုထဲ ပျံနှံကုန်ကာ  လူတွေရဲ့  ခန္ဓာကိုယ်ထဲကို စားသောက်တာ၊ အသက်ရှုတာတွေကတဆင့်  ရောက်ရှိသွားနိုင်ပါတယ်။
အဲဒီလိုရောက်သွားရင် နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့ ပမာဏပေါ်မူတည်ပြီး ရေတိုရေရှည်မှာ ဘယ်လိုရောဂါတွေဖြစ်နိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကို သိရှိနိုင်ဖို့ အမေရိကန်နိုင်ငံ ဂျော်ဂျီဂျား (Georgia) ပြည်နယ်၊ အတ္တလန်တာ (Atlanta) မြို့  အဲမ်မိုရီ (Emory) တက္ကသိုလ်ရဲ့  လူထူ့ကျန်းမာရေးကျောင်းက ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးဘာသာ ပါမောက္ခ ဂျီမ်းစ်စမစ်သ် (James Smith) ကို ဗွီအိုအေ သတင်းထောက် ကိတ် ဝု့ဒ်စမ် (Kate Woodsome) မေးမြန်းထားတာနဲ့ ဝါရှင်တန်ပို့စ်တ် (Washington Post) သတင်းစာပါ အကြောင်းတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

copy_rights VOA

No comments:
Post a Comment