တိုကျိုတွင် ကျင်းပပြုလုပ်သော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့  ပတ်သက်သည့်  အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ မှ  ညနေ ၁၆း၃၀ နာရီအထိ Okubo Chiiki Center တွင် Japan Association for  Refugees နဲ့ AUN-Japan တို့မှ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။
(CNIC) Mr.Phillip White မှ ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ကို ရှင်းလင်းတင်ပြမှု
ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ  ဖူကူရှီးမား နျူကလီယား ဓါတ်အားပေး စက်ရုံမှ မတော်တဆ ဖြစ်မှုနှင့်  မလိုလားအပ်သော ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ခေါင်းစဉ်နှင့်  ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံ အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်သည့်  နိုင်ငံခြားသားများ၏ အနုမြူ ပြန်ကြားရေး စင်တာ Citizen's Nuclear  Information Center(CNIC)ှ Mr.Phillip White မှ သင်တန်း ပို့ချသွားပါသည်။
(CNIC) အဖွဲ့သည် နျူကလီယားပညာရှင်  ၃ ဦးတို့မှ လွန်ခဲ့သည့် ၃၅ နှစ်ခန့်က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့်  အနျူမြူနဲ့ ပတ်သက်သော သတင်းများကို ပြည်သူလူထုအား အသိပေးသော NGO အဖွဲ့အစည်း  တခုဖြစ်ပါသည်။ ရှင်းလင်းတင်ပြရာမှာ အနုမြူစွမ်းအင် သုံးစွဲမှုသည် လုံခြုံမှု  မည်မျှရှိသည်ကို အာမခံစေကာမူ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်  ဖြစ်ပေါ်စေနိုင်ကြောင်း၊ နျူကလီယား၏ ဆိုးကျိုးများ လူသားများအပေါ်  အန္တရာယ်ကျရောက်နိုင်သည့် အကြောင်းကိုပါ ယခုလက် ဂျပန်နိုင်ငံတွင်  ဖြစ်ပျက်နေသည့် အဖြစ်အပျက်နှင့်တကွ အကြယ်တ၀င့် ရှင်းလင်း ဟောပြောသွားပါသည်။  
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌါန(MOFA)  ရဲ့ International Nuclear Energy Cooperation Division မှ  တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Takashi Hatori မှ နျူကလီယား မတော်တဆ  ဖြစ်မှုနှင့် ပတ်သက်၍ ဂျပန်တွင် နေထိုင်ကြသည့် နိုင်ငံခြားသားများအတွက်  သက်ဆိုင်ရာ နိုင်ငံများမှ ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံရုံးများအား  ဖိတ်ခေါ်ပြီး  သတင်းအချက်အလက်များကို ပုံမှန် ထုတ်ပြန်ခဲ့ကြောင်း  ပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရမှ အစားအသောက် ဘေးအန္တရာယ်ကင်းမှုနှင့်  ကျမ္မာရေးအတွက် အနျူမြူ ဓါတ်ရောင်ခြည်၏ ပြန်ပွားမှုကို နေ့စဉ် ဒေသအနှံမှာ ၁  နာရီခြားတခါ တိုင်းထွာပြီး စောင့်ကြည့်နေကြောင်းကို ရှင်းလင်း ပြောကြား  သွားပါသည်။
NHK TV သတင်းကို အရေးပေါ်အခြေအနေတွင် ထုတ်လွှင့်မှုကို အထူးဂရုစိုက် ကြည့်ရန်
(JAR) Eiji Otsuka မှ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့လာပါက
နောက်ဆုံး အစီအစဉ် အနေနဲ့  သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တာဝန်ခံ Eiji Otsuka,(JAR)မှ သဘာဝ  ဘေးအန္တရာယ်ကြုံတွေ့လာပါက မည်သို့ ကြိုတင်ပြင်ဆင် ကာကွယ် ဆက်သွယ်  ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့်  ရှင်းလင်း တင်ပြသွားပြီး အကယ်၍ ဘေးအန္တရာယ် ကြုံတွေ့လာပါက မိသားစုများအတွင်း  ဆက်သွယ် တွေ့ဆုံနိုင်ရန်အတွက် ဆုံရပ်ကို ကြိုတင် သတ်မှတ်ထားရန်  လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။ ဟောပြောပွဲကို ညနေ ၄း၃၀ တွင်  ရုပ်သိမ်းခဲ့ပါသည်။သတင်းမှတ်တမ်း ။    ။Mai Kyaw Oo
သတင်းမှတ်တမ်းဓါတ်ပုံ၊ဗီဒီယို။    ။Moe Min Thu










No comments:
Post a Comment