ဂျပန် နျူကလီးယားဇုံထဲဝင်ရင် အရေးယူမည်
 21 ဧပြီ 2011 , 
Copy from- voanews.com/
ဂျပန်နိုင်ငံမှာ  ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား  ဓါတ်အားပေးစက်ရုံနဲ့ ၁၂ မိုင်ခွဲ ပတ်လည်ကို လူတွေမလာနိုင်အောင် ဥပဒေအရ  တားမြစ်ချက်ကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာနေထိုင်ကြတဲ့  ဒေသခံ ၇ သောင်းလောက်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက်  အမေရိကန်ဒေါ်လာ ၁,၂၀၀ နဲ့ညီမျှတဲ့ လျော်ကြေးပါဝင်တဲ့ တားဖြစ်ချက်ကို  ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အိဒါးနို က  ပြောပါတယ်။
ဖြတ်သန်းမသွားရလို့ သတ်မှတ်ထားတဲ့  နယ်မြေထဲမှာ နေထိုင်ကြသူအနေနဲ့ သူတို့ရဲ့ တန်ဖိုးရှိတဲ့  ပိုင်ဆိုင်နိုင်မှုတွေကို ပြန်ယူနိုင်ဖို့ အိမ်ထောင်စုတခုက မိသားစုဝင် ၁  ယောက်ကို အိမ်ကို ခဏပြန်နိုင်ရေး စီစဉ်ပေးမယ်လို့လည်း မစ္စတာအိဒါးနို က  ပြောပါတယ်။ ဒါပေမဲ့ ဘေးကင်းရာမှာ ပြောင်းရွှေ့နေထိုင် နေကြသူတွေက အိမ်နဲ့  အဝေးမှာ ဆက်ပြီး မနေချင်ကြတော့ပါဘူး။ အန္တရာယ်ရှိတာမို့ အရင်ထဲက မသွားရလို့  အစိုးရက သတိပေးထားပေမဲ့ တချို့လဲ နေအိမ်တွေမှာ ပြန်နေကြတာရှိပါတယ်။
အခုတော့ အစိုးရက ဥပဒေနဲ့အညီ  အရေးယူမယ်လို့ သတိပေး တားမြစ်ချက် ထုတ်လိုက်တာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်  နာအိုတိုခန် ကယ်ဆယ်ရေးစခန်းကို သွားရောက်စဉ်ကလည်း နျူကလီးယား ပြဿနာကို  အမြန်ဆုံး ဖြေရှင်းပေးဖို့အတွက် ဒုက္ခသည်တွေက တောင်းဆိုခဲ့ကြပါတယ်။  ဝန်ကြီးချုပ်ကတော့ အခြေအနေကို နားလည်ပေးဖို့ ပန်ကြားခဲ့သလို ခုလို  ဘေးကင်းရာ ပြောင်းရွှေ့ နေနေကြရသူတွေရဲ့ လိုအပ်ချက်ကို သူ့အနေနဲ့ အချိန်ယူ  စဉ်းစားပေးဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
Copy from- voanews.com/











No comments:
Post a Comment