ဇူုလိုင် ၇ ရက် အခမ်းအနား ပိတ်ပင်မှု မင်းကိုနိုင်ဝေဖန်
2012-07-06
နှစ် (၅၀) ပြည့် ဇူလိုင် (၇) အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားကို 
နေရာ အသီးသီးမှာ ပိတ်ပင် ခံထားရပေမယ့် ရန်ကုန်မြို့ ၈၈ မျိုးဆက် 
ကျောင်းသားများ ရုံးချုပ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အဲဒီရုံးချုပ်မှာ 
ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျောင်းသား 
ခေါင်းဆောင်တွေက ထုတ်ဖော်ပြောကြား ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ယာ)နှင့် ကိုကိုကြီး (ဝဲ)တို့ဖြစ်ပါသည်။
နှစ် ၅၀ ပြည့် ဆဲဗင်း ဇူလိုင် အခမ်းအနားတွေကို တော်ဝင်နှင်းဆီ 
စားသောက်ဆိုင်အပါအ၀င် ရန်ကုန်မြို့က နေရာတချို့မှာ ကျင်းပဖို့ 
ကျောင်းသားခေါင်းဆောင်တွေက စီစဉ်ခဲ့တာရှိပေမယ့် ရန်ကုန်တိုင်း 
လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး တင်ဝင်းက ကျင်းပခွင့် 
ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဒါ့ပြင် မန္တလေး နည်းပညာကောလိပ်၊ မန္တလေး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ 
ကျောက်ဆည် နည်းပညာ ကောလိပ် စတဲ့ နယ်မြို့တွေမှာလည်း ဆဲဗင်းဇူလိုင် 
အခမ်းအနားတွေ ကျင်းပခွင့် ပိတ်ပင်ထားပါတယ်။
အာဏာပိုင်တွေရဲ့ အခုလို တားဆီးပိတ်ပင်တဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေကို 
လမ်းပေါ် မထွက်ထွက်အောင် တွန်းပို့နေသလို ဖြစ်ပေမယ့် မိမိတို့ ကျောင်းသား 
ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံနောက်ကြောင်းပြန်လှည့်မယ့် လမ်းကြောင်းကို 
ရွေးချယ်မှာ  မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် 
ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။
"အမှန်တကယ်က ဒီမိုကရေစီကို 
တကယ်ယုံကြည်လို့ သွားတယ်ဆိုရင် ဒီမိုကရေစီ အလေ့အထ ဖြစ်တဲ့ အဲဒီအခမ်းအနားတွေ
 ကျင်းပတာကို ခွင့်ကို ခွင့်ပြုရမယ်။ အဲဒီအခမ်းအနားတွေက ကိုယ်နဲ့ 
သဘောချင်းတူချင်မှတူမယ်။ မတူရင်လည်း မတူဘူး။  ဒါက အရေးမကြီးဘူး။ 
ဒီမိုကရေစီဆိုတာ ပြိုင်ဖက်ကို ရှင်သန်ခွင့်ပေးရတာ။ အခုက လမ်းပေါ်ထွက်မဲ့ 
ကိစ္စလည်း မဟုတ်ဘူး။ အမိုးအကာအောက်မှာ အေးအေးချမ်းချမ်း လုပ်မဲ့ကိစ္စကို 
လုပ်လို့မရအောင် မူလက ရည်ရွယ်ထားတဲ့ နေရာမှာပေါ့၊  ပိတ်လိုက်တယ်၊ 
တားလိုက်တယ် ဆိုတာဟာ လမ်းပေါ်ကိုတွန်းပို့သလို ဖြစ်နေတယ်"










No comments:
Post a Comment