Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, July 4, 2012

အစိုးရတပ်နှင့် တိုက်ပွဲကြောင့် KIA ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦးကျ

ကေအိုင်အေမှ မြန်မာစစ်တပ်က နှစ်ရှည် သိမ်းပိုက်ထားသော လဂျားယန် Lung Rawk စခန်း


မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ပေါင်းစုသည် ဗန်းမော်ခရိုင် နားလုံ ရာဘာခြံတွင် နှစ်ရက်ကြာ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ KIA တပ်ဖွဲ့မှ ဗိုလ်တစ်ဦးနှင့် တပ်သား ၄ ဦး ကျဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း လိုင်ဇာ ဗဟိုဌာနချူပ် အရာရှိတစ်ဦး ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချူပ် လိုင်ဇာအနီး လဂျားယန်ရှိ မြန်မာ အစိုးရတပ် လုံရောက် (Lung Rawk) သို့ ရိက္ခာ လာပို့သည့် မြန်မာအစိုးရ စစ်တပ် ခမရ (၃၂၀) နှင့် (၃၈၃) စစ်ကြောင်း နှစ်ကြောင်းကို စစ်အင်အား ၁၅၀ ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့မှ ၁၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ရှေးတန်း သတင်းမှ သိရသည်။
“ကျနော်တို့ ပြန်သွားကြည့်တယ်။ တချို့ကိုတော့ မြုပ်ထားတယ်။ တချို့က ဒီတိုင်း သေနေတာ။ ကျနော်တို့ ပြန်မြုပ်ပေး လိုက်တယ်။ အားလုံးပေါင်းရင် ၁၄ ယောက် ဟုတ်တယ်။ ဒဏ်ရာ ရတာလည်းပါတယ်” ဟု ရှေးတန်းမှ တပ်သားတစ်ဦး ပြောသည်။
၎င်း တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန်လ ၂၈-၂၉ အတွင်း ဆက်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး ယခုချိန်တွင် နှစ်ဖက်တပ်များ ပြန်လည် နေရာယူနေကြဆဲ ဖြစ်ကြောင်း ဆက်ပြောသည်။

“မြန်မာအစိုးရ တပ်များက ရိက္ခာလာပို့တာ။ ပစ်ခတ်ရင်း ဝင်သွားတယ်။ အားလုံးက မဝင်ဘူး။ တချို့က ဝင်သွားတယ်။ ခြေလျင်နဲ့ လာတာ။ အခုတော့ တိုက်ပွဲ မဖြစ်တော့ဘူး။ အားလုံး ပြန်သွားပြီ” ထို့အပြင် ဇူလိုင် ၁ ရက်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) အနီး ရိခူး (Yi Hku) နေရာတွင် KIA တပ်ရင်း ၃၆ မှ ခြုံခို တိုက်ခိုက်ခဲ့ရာ မြန်မာအစိုးရတပ်မှ ကျဆုံးမှုများ ရှိကြောင်း တပ်မဟာ (၄) အရာတဦးမှ သိရသည်။
ကချင်ပြည်နယ်တွင်း KIO တပ်အခြေစိုက်ရာ နေရာသို့ အစိုးရတပ်များ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အစိုးရနှင့် KIO သည် ငြိမ်းချမ်းရေးအတွက် ရှေးဦးစွာ ကချင်ပြည်နယ်ရှိ အစိုးရ စစ်တပ်များ ဆုတ်ခွာပေးနိုင်ရန် နှစ်ဖက် ညှိနှိုင်း ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရှိသေးပေ။
Copy from - kachinnews

No comments:

Post a Comment