မယ်တော် ဆေးခန်း အခက်အခဲ
     Wednesday, 04 July 2012 18:23
      
      
   
“လူနာတော့ တိုးလာတယ် ဘတ်ချက်ကတော့ မတိုးလာဘူးလေ။ တိုးလာတဲ့ လူနာထဲမှာ 
အရေးပေါ်လူနာကိုတော့ လက်ခံ ကုသပေးပေမဲ့ အရေးတကြီး မဟုတ်တဲ့ လူနာတွေကိုတော့ 
ဆိုင်းငံ့ထားရတာပါ။ ဥပမာ မျက်စိခွဲရမဲ့ လူနာတို့ အိပ်အိုင်ဗွီ သွေးစမ်းတဲ့ 
လူနာအသစ်တွေဆိုရင်တော့ ဆိုင်းငံ့ထားရတာက များပါတယ်။  အထူးသဖြင့် 
ပုံမှန်ရှိပြီးသား လူနာတွေကိုဘဲ ကုသပေးနေတာပါ။ တိုးလာတဲ့ လူနာတွေအတွက်သာ 
ဘတ်ချက်မရှိတာပါ။ ပြေလည်တဲ့ အခါကျရင် ဆက်ကုသ ပေးမှာပေါ့။ အဲဒါပါ”ဟု ဒေါက်တာ
 စင်သီယာမောင်က ပြောပါသည်။
ဆေးခန်း တစ်ခုလုံး ရပ်ထားရမယ့် အခြေနေတော့ မဟုတ်ပေ။ ဘတ်ချက်မရှိတော့ 
ဆေးခန်း၌ရှိသော အရေးပေါ်အ ခြေအနေအတွက် ခွဲစိတ်ရမည့် လူနာများကို မဲဆောက် 
ဆေးရုံကြီးထံ လွဲပြောင်းရာတွင် အခက်ခဲ ရှိလာနေပါသည်။ ထို့ကြောင့် 
သားဖွားလူနာလို အရေးပေါ်မဟုတ်သော လူနာများကို အချိန်ရွေ့ဆိုင်းထားရခြင်း 
ဖြစ်ပါသည်။
ယခု ရရှိထားသည့် ရန်ပုံငွေသည် သူခေါင်းစဉ်နှင့်သူ 
ချထားပေးခြင်းဖြစ်ပါသည်။ ပညာရေး၊ ကျန်းမာရေး၊ မိခင်နှင့် က လေးဌာန၊ 
မျက်စိဌာန၌သာ သုံးခွင့် ရှိသော်လည်း  လိုအပ်သည့် နေရာ၌ လိုအပ်သလို 
သုံးစွဲလို့ရသည့် ဘတ်ချက် မဟုတ်ပေ။ ဤသို့ကြောင့် တချို့ ရောဂါများတွင် 
အရေးပေါ်မဟုတ်သည့်အတွက် အခက်အခဲဖြစ်နေခြင်းဖြစ်ပါသည်။
“မဲဆောက် ဆေးရုံကြီးကို လွှဲတာက ပြည်တွင်းပြည်ပအတွင်း လူနာဆိုရင် ၁ 
နှစ်ကို ၈၀၀ လောက်ရှိတယ်။  ပြီးတော့ မိမိ စိတ်ဆန္ဒ အရ HIV သွေးစစ်ခံယူတဲ့ 
လူတွေကို တော့ ဒီမယ်တော်ဆေးခန်း ကနေ တာဝန်ယူပြီး ၁ နှစ်ကို ၁၀၀၀ 
ထောင်ကျော်ကျော် လောက်ပို့ပေးနေတယ်။ ဘတ်ဂျက် အခက်ခဲ ၇ှိနေတဲ့အတွက် 
သွေးစစ်မယ့် လူနာအသစ်တွေ ကိုတော့ အချိန် ဆိုင်းငံ့ထားရတာပေါ့ ဌာန တစ်ခုလုံး
 ရပ်လိုက်တာမျိုး မဟုတ်ဘူး အဆင်ပြေရင် ဆက်ပြီး လည်ပတ် သွားမှာပါ” ဟု 
ဒေါက်တာ စင်သိ ဆက်ပြောပါသည်။

ဦးအောင်မင်းနှင့် ဒေါက်တာ စင်သီယာမောင်တို့ တွေ့ဆုံစဉ် (ဓါတ်ပုံ - အင်တာနက်)
မယ်တော် ဆေးခန်းကို ၀န်ကြီး ဦးအောင်မင်း လာစဉ်ကလည်း ဘတ်ငွေ တသိန်းခွဲ 
လှူတန်းပြီး ၀င်ရောက် လေ့လာခဲ့ပါသည်။ ပြည်တွင်း၌ လက်ရှိ အစိုးရ၏ ဆေးရုံး 
ဆေးပေးခန်းများ၌ လိုအပ်သည့် ထောက်ပံ့မှုများ အပြည့်ဝ ထောက်ပံ့ပေး 
မည်ဆိုလျှင်  ပြည်တွင်း ကျန်းမာရေး အခြေနေက ပိုကောင်းသွားမည်ဟု ဒေါက်တာက 
အကြံပြု ခဲ့ပါသည်။
မယ်တော် ဆေးခန်းသည် ၄င်းတို့ စောင့်ရှောက်ထားသော ကလေးပေါင်း ၃၀၀၀ အတွက် 
အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေပါသည်။ မယ်တော်ဆေးခန်းကို ၁၉၈၉ 
ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်း နှင့် ထိုင်းနိုင်ငံရှိ 
မြန်မာပြည်သားများကို အခမဲ့ ကုသပေးနေပြီး နှစ်စဉ် လူနာ ၁၃၀,၀၀၀ ခန့် 
ရှိပါသည်။
ဆေးခန်းသို့ မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာ အလုပ်သမားများအပြင် 
ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်းမှ 
အရေးပေါ်လူနာများ၊ နာတာရှည် ရောဂါသည်များ လာရောက် ကုသကြပါသည်။
copy rights_http://www.phophtaw.org/burmese









