Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Wednesday, July 4, 2012

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုတဲ့သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်...


၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခ​န်းသို့ ရောက်ရှိလာကြသော အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ
ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုတဲ့သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်...

ဖော်ပြပါ သတင်းအား ကြိုဆိုလိုက်ပြီး ကျန်ရှိနိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ထပ်မံ တောင်းဆို အပ်ပါတယ်..

ယနေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည် ထောင်က ကိုပြည့်ဖြိုးအောင်၊ ကသာ ထောင်က ကိုအောင်အောင်ဦးတို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အခြားနိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည်။

Eleven Media Group

၁၉၈၉ ခုနှစ်တွင် သန်လျင် ရေနံချက် စက်ရုံ ဗုံးဖေါက်ခွဲမှုဟူသော စွပ်စွဲချက်ဖြင့် မတရားစွပ်စွဲပြီး သေဒဏ် ချမှတ်ခံရတဲ့ အညတြ သူရဲကောင်းဆုရှင် သန်လျင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုသန်းဇော်နှင့် နိုင်ငံရေး အကျဉ်းသားအချို့ ပြန်လည် လွတ်မြောက်လာမှု အတွက် ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်..။

Copy from - demowaiyan

No comments:

Post a Comment