Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Friday, July 6, 2012

လူသားချင်း စာနာတဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ၃ သန်း ဒီကနေ့ ပေးအပ်

အမေရိကန် ပြည်ထောင်စုကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ ကူညီထောက်ပံ့ငွေ အမေရိကန် ၃ သန်း ဒီကနေ့ ပေးအပ်လိုက်ပါတယ်။

ဒီ ကူညီ ထောက်ပံ့ငွေကို USAID အဖွဲ့က တဆင့် ပေးအပ် သွားမှာ ဖြစ်တဲ့ အကြောင်းနဲ့ ဒီငွေတွေဟာ ပြည်တွင်းစစ်နဲ့ သဘာဝ ဘေးအန္တရာယ် တွေကြောင့် ဒုက္ခ ရောက်နေသူတွေ အတွက် ထောက်ပံ့ ကူညီတာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးတာဝန်ခံ Micheal Thurston က ပြောပါတယ်။

ရန်ကုန်မြို့ အင်ယားလိပ် ဟိုတယ်မှာ ကျင်းပတဲ့ ဒီ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ အခြေစိုက် UNDP ရုံး ဌာနေ ကိုယ်စားလှယ် Ashok Nigam ၊ ကုလသမဂ္ဂ ရန်ကုန်ရုံး ဒါရိုက်တာ Barbara Manzi, သီတဂူ နိုင်ငံတကာ ဗုဒ္ဓ တက္ကသိုလ်က ဆရာတော် ဦးပညာသီဟနဲ့ ဦးဟန်တို့ တက်ရောက် ခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ရခိုင်နဲ့ ကချင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကြောင့် ဒုက္ခ ရောက်နေ သူတွေကိုလည်း ဒေါ်လာ ၁သန်းကို ပြီးခဲ့တဲ့ အပတ်က လှူဒါန်းခဲ့ပါသေးတယ်။
Copy from - rfa

No comments:

Post a Comment