ရိုဟင်ဂျာတွေအရေး အစိုးရ ရပ်တည်ချက် ဂျပန်ရောက် မြန်မာများ ထောက်ခံ ဆန္ဒပြ
ရိုဟင်ဂျာတွေနဲ့  ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အဆိုပြုချက်ကို 
ကုလသမဂ္ဂက လက်ခံဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုအားလုံးက ဒီနေ့ 
ညနေပိုင်းက တိုကျိုမြို့ ကုလရုံးရှေ့မှာ တညီတညွတ်တည်း သွားရောက် 
တောင်းဆိုကြပါတယ်။
 
photo by - Biruma
တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ထိပါးတဲ့အတွက် ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ 
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထံ လွှဲပြောင်းပြီး သူတို့ကို 
လက်ခံမယ့် တတိယနိုင်ငံကိုပို့ပေးဖို့ သမ္မတ ဦးသိန်းစိန် အစိုးရက 
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ ဇူလိုင် 
၁၁ ရက်နေ့က တွေ့ဆုံရာမှာ အဆိုပြုခဲ့ပါတယ်။
 
သမ္မတဦးသိန်းစိန်ရဲ့ အဆိုပြုချက်ကို လက်ခံ အကောင်အထည်ဖော်ဖို့ ဂျပန်ရောက် 
မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ ညနေပိုင်း တိုကျိုမြို့က 
ကုလရုံးရှေ့မှာ သွားရောက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါ တယ်။
 
ဒီနေ့ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ညီညွတ်သောတိုင်းရင်းသားများ 
အဖွဲ့အစည်း (အေယူအန်) က ဦးဆောင်ခဲ့ပြီး အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ 
ဂျပန်ဌာနခွဲ အပါအ၀င် ဂျပန်ရောက် ဒီမိုကရေစီအင်အားစု အဖွဲ့ ၃၀ ပူးပေါင်း 
ပါဝင်ခဲ့ပါတယ်။
 
လက်ရှိ ဦးသိန်းစိန် အစိုးရဟာ ရွေးကောက် တင်မြှောက် မခံရဘဲ စစ်တပ်က ၄ ပုံ ၁ 
ပုံ နေရာ ယူထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံ ပေမယ့်လည်း 
အမျိုးသားအရေးအတွက် လက်ခံနိုင်တဲ့ ဆောင်ရွက် ချက်တွေကိုတော့ ထောက်ခံ 
သွားကြမယ်လို့လည်း ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက 
ပြောဆိုခဲ့ကြပါတယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ
မှတ်တမ်းဓါတ်ပုံ ။ မိုးမင်းသူ











No comments:
Post a Comment