Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Saturday, May 14, 2011

စက်မှုကျောင်းသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ


မေလ 13 ရက် 2011 ခုနှစ် ။

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် (၁၈) နှစ်အရွယ် စက်မှုကျောင်းသားတစ်ဦး ဆိုင်ကယ်မောင်းနှင်စဉ် နောက်ကျောမှ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့်ယမန် နေ့က သေဆုံးခဲ့သည်။

လွိုင်ကော်မြို့နယ် စက်မှုကျောင်း ပထမနှစ်တန်းတွင် တက်ရောက်နေသူ မီရယ် (ခ) မီကွေ့သည် နောက် ကျောတွင် သေနတ်ဒဏ်ရာဖြင့် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက်တွင်သေဆုံးသွား ကြောင်း ဆေးရုံဝန်ထမ်းတဦးက အတည်ပြုပြောဆိုသည်။

မီရယ်၏ မိသားစုဝင်တဦးက “သေနတ်သံ ကြားတော့ အဲဒါနဲ့ ဗျောက်အိုး ဖောက်နေကြတယ်လို့ ထင်နေတာ။ ဘယ်ဟုတ်မလဲ သူ့ကို သေနတ်နဲ့ ပစ်လိုက်တာလေ။ အဲဒါနဲ့ ဆေးရုံကို မြန်မြန်ပို့တာ။ မကြာဘူးမနက်ရောက် တော့ ဆုံးသွားတယ်” ဟု ပြောသည်။

မီရယ်သည် မိဘများ ပိုင်ဆိုင်သည့် တောင်ယာလုပ်ငန်းမှအပြန် လွိုင်ကော်မြို့တွင်း ပကြဲကျေးရွာတွင် ပြီးခဲ့သည့် အင်္ဂါနေ့ မေလ ၁၀ ရက်နေ့ ညနေ ၇ နာရီခွဲခန့်တွင် အပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာစစ်တပ်မှ စစ်သား ၁၀ ဦးခန့်က ၎င်းအား ဆိုင်ကယ်ရပ် အမိန့်ပေးတားမြစ်ခဲ့ပြီး မီးရယ်က ကြောက်ရွံ့ သဖြင့် ဆိုင်ကယ်ကို မောင်းပြေးရာမှ နောက်ကျောတွင် အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကိုမီရယ်က မသေဆုံးခင် ပြောပြခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ဆိုသည်။

၎င်းက “အဲဒီစစ်သားတွေက အဲလိုပဲ ညချိန်တွေ ဟိုသွားဒီသွား လျှောက်သွားနေတာတော့ တွေ့တယ်။ ဘယ်က တပ်တွေလည်းတော့ သေချာ မသိဘူး” ဟု ပြောသည်။

မည်သူက ပစ်ခတ်သည် ဆိုသည်ကို အတိအကျ ပြောရန် ခက်ခဲနေသည်။ သို့သော် ယင်းပစ်ခတ်မှုကို စုံစမ်းအရေးယူပေးရန် ကိုမီရယ်၏ မိသားစုက သက်ဆိုင်ရာ အာဏာပိုင်များကို တိုင်ကြားရန်ကြိုးစားနေ ကြောင်း သိရသည်။

မီရယ် သေဆုံးသည့် ကိစ္စနှင့် ပက်သက်၍ လွိုင်ကော် ရဲစခန်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပါ။

ကရင်နီပြည်တွင်းရှိ မြို့နယ်တိုင်း၏ မြို့အ၀င်၊ အထွက် ဂိတ်များတွင် မြန်မာစစ်တပ်က မှတ်ပုံတင်စစ်ဆေး ခြင်းများ ပြုလုပ်နေပြီး လမ်းခရီးတွင် စစ်ကြောင်းများနှင့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် အထူးတပ်ဖွဲ့၏ ကင်းလှည့်တပ်များနှင့် တွေ့ဆုံပါက စစ်ဆေးမေးမြန်းမှုများကို ခံရလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်းရင်းမြစ် - ကန္တာရ၀တီတိုင်း(မ်)

No comments:

Post a Comment