မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)။
၂၀၁၁ ခုနှစ် မေလ(၃၀)ရက်။
မေ(၃၀)ဒီပဲယင်း နိုင်ငံတော်  လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို  တိုကျိုမြို့ ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် နေ့လည်  ၃း၀၀ နာရီမှ ၄း၄၅ နာရီ အထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ  အင်အားစုများတို့မှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ်  မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်) တာဝန်ခံ တဦးဖြစ်သူ ကိုမြတ်သူ မှ တာဝန်ယူ  ဆောင်ရွက်ပြီး ဒီပဲယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ အကျယ်တ၀င့်  ရှင်းလင်းပြောကြားပြီးသည့်နောက် ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ်  စွန့်လှူခဲ့ကြသူများတို့အား မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ်  ငြိမ်သက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြသည်။ ယနေ့အခမ်းအနားတွင်  အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံသို့ ခေတ္တ  ရောက်ရှိလာသော ABSDF အထွေထွေအတွင်းရေးမျူး ရဲဘော် ဆန်နီ တို့မှ အမှာစကား  ပြောသွားခဲ့ကြပါသည်။
ဒီင်္ပဲယင်းမြို့နယ်  ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော်  လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ အဖွဲ့ချုပ်ကားတန်းကြီးကို စနစ်တကျ  စီစဉ်ထားသည့် လူတစုမှ တားဆီးပြီး ဒုတ်တွေ၊ ဓားတွေ ၀ါးချွန်တွေနဲ့ ရုတ်တရက်  ထိုးခုတ် လုပ်ကြံခဲ့ကြပါသည်။ ကျောင်းသား လူငယ်တစုက ဦးတင်ဦး နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလိုက်ပါလာတဲ့ ကားတွေပေါ်မှာ မှောက်ပြီး  ကာကွယ်ခဲ့ကြပါတယ်။ လုပ်ကြံ သူ တွေကြောင့် လူပေါင်း ရာကျော်  အသက်ဆုံးခဲ့ရပါသည်။ အချို့မှာ ထိုနေရာတွင်ပင် သေကြေ ပျက်စီး  ဖျောက်ဖျက်ခြင်း ခံခဲ့ရသည်။
ဒီပဲယင်းလုပ်ကြံမှုကြီး၏ အသက်မသေပဲ  ထွက်ပြေးလွတ်မြောက်ကာ ကိုယ်တွေ့ အတွေ့အကြုံများကို ကမ္ဘာသို့  တင်ပြနိုင်ခဲ့ပြီး စစ်အုပ်စုမှ စနစ်တကျ ကျုးလွန်ခဲ့တဲ စစ်အုပ်စု၏  လက်ကိုင်တုတ် ကြံ့ဖွတ် အပေါင်းအပါ လက်နက်ကိုင် အကြမ်းဖက်တို့၏  မင်းမဲ့စရိုက်နှင့် ရာဇ၀တ်မှုကြီးများကို ပြည်သူနှင့် ကမ္ဘာကပင်  သိရှိနိုင်ခြင်း ဖြစ်သည်။ လက်ရှိ စစ်အုပ်စု၏ အစိုးရသည် ဒီပဲယင်း  လုပ်ကြံမှုကြီးနှင့် ပတ်သက်ပြီး ဖြေရှင်း အရေးယူရန်၊ တရားဥပဒေနှင့်အညီ  ဆောင်ရွက်ရန် မည်သည့် လက္ခဏာမျှ မပြဘဲ နှုတ်ပိတ် လျက်ရှိသည်။ 
မေ(၃၀) ဒီပဲယင်း လုပ်ကြံမှုတွင်  ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ  ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန်  မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့်  ထုတ်ပြန်ကြေငြာချက်ကို စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် စစ်အစိုးရအား  ပေးပို့ခဲ့ပြီး လွမ်းသူ့ ပန်းခွေချခြင်း အစီအစဉ်ပြုလုပ်ကာ အခမ်းအနားကို  ပြီးဆုံးခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံသားများ စုစုပေါင်း  အင်အားစု ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu










No comments:
Post a Comment