Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

Thursday, May 26, 2011

မြန်မာပြည်မြောက်ပိုင်းရှိ KIA တပ်အားလုံး တပ်လှန့်ထား

ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေတဲ့ KIA စစ်သားများ။
မေလ 25 ရက် 2011 ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရှေ့တန်း တပ်အားလုံးကို တပ်လှန့်ထားပြီး ရှေ့တန်းရှိ မြန်မာတပ်များ အားလုံး မေ ၂၅၊ ယနေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် KIA ၏တောင်း ဆိုချက်ကို မြန်မာအစိုးရက မည်သို့ တုန့်ပြန်မည် ကို စောင့်ကြည့် နေသည်ဟု KIA က ဆိုသည်။

မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန် အခြေစိုက် KIA တပ်ရင်း ၅ ကို ၀န်းရံ ထားသည့် မြန်မာ တပ်စခန်း ၃ ခုပါ တပ်ဆုတ်ပေးရန် သတိပေးထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ၏ ထူးခြားသော ယင်းသတိပေးချက်မှာ တာပိန်မြစ် ရေး အားလျှပ်စစ် စက်ရုံ နှစ်ခုအနီးရှိ ဒွမ်ဘွမ်ကရုန် အခြေစိုက် KIA တပ်ရင်း ၂၅ သို့ မြန်မာ စစ်တပ်က ၇၅ မမ အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် မေလ ၁၉ ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နှင့် ကချင်ပြည်နယ် ၀န်ကြီးချုပ် မဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဗဟိုမြန်မာအစိုးရက စစ်ရေးအရ တုန့်ပြန်လျှင် ပြည်တွင်းစစ် ဖြစ်လာမည်ဟု လိုင်ဇာ ဌာနချုပ်မှ KIA အရာရှိများ ပြောသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

No comments:

Post a Comment