တန်ဖိုးကြီး အခွန်တံဆိပ်ခေါင်းများ ဖြန့်ချီတော့မည်
             မိုးမိုးကျော် (Arakan Review)
မေလ (၁၅) ၊ ၂၀၁၁။
မေလ (၁၅) ၊ ၂၀၁၁။
ဦးသိန်းစိန် အစိုးရ လက်ထက်မှာ  အသုံးပြုမယ့် အခွန်တံဆိပ်ခေါင်း အမျိုးအစား သုံးမျိုးတိတိကို မကြာခင်မှာပဲ  ဈေးကွက်ကို စတင် ဖြန့်ချီတော့မှာ ဖြစ်တယ်လို့ ပြည်တွင်း သတင်းဂျာနယ်တွေမှာ  ဖော်ပြ ထားပါတယ်။
စစ်အစိုးရ လက်ထက်မှာ အသုံးပြုခဲ့တဲ့  တန်ဖိုးကြီး အခွန်တံဆိပ်ခေါင်း ကျပ် ငါးထောင်တန် အစား ကျန် တစ်သိန်း၊  သုံးသိန်း၊ ငါးသိန်း တန်ဆိုပြီးတော့ ထုတ်ဝေမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခု  အသစ်ထုတ်ဝေတော့မယ် တံဆိပ်ခေါင်းတွေကို အတုအပ ပြုလုပ်လို့ မရအောင် နံပါတ်တွေ  ထည့်သွင်း ထားမှာ ဖြစ်ပြီးတော့ စာချူပ်စာတမ်း ပျက်စီး ဆုံးရှုံးသွားမယ်  ဆိုရင်တောင် သက်ဆိုင်ရာ အခွန်ရုံးတွေမှာ အခွန်တံဆိပ်ခေါင်းရဲ့  နံပါတ်ကိုပြောပြီး ပြန်ရှာနိုင်ပါတယ်”လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနက  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒါကြောင့်လည်း အိမ်အရောင်းအဝယ်တွေနဲ့  အခြား အရေးကြီး စာချူပ်စာတမ်းတွေ ချူပ်ဆို ပြုလုပ်တဲ့အခါ သက်ဆိုင်ရာ  မြို့နယ် အခွန်ရုံးတွေမှာ ပြုလုပ်ဖို့နဲ့ သတ်မှတ် အခွန်ပေးဆောင်ဖို့  လိုအပ်တယ် လို့ သူက ပြောပါတယ်။
အသစ်ထုတ်ဝေထားတဲ့ အခွန်တံဆိပ်ခေါင်းတွေကို  ဧပြီလကတည်းက စတင်ထုတ်ဝေခဲ့တာ ဖြစ်ပြီးတော့ မကြာခင်မှာပဲ စတင်  ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
copy rights_ http://arakanreview.net/?p=3142 










No comments:
Post a Comment