မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
ဆောင်းပါး
ဆက်သွယ်ရန်
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
Sunday, May 22, 2011
ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ်နှင့် အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို တိုကျိုတွင် ကျင်းပပြုလုပ်
၂၀၁၁ ခုနှစ် မေလ (၂၂)ရက်။
၂၅၄-နှစ်မြောက် ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ်နှင့် အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို တိုကျို WARD KOMAGOME LIBRARY (4-F)တွင် ပုညကာရီ မွန်အမျိုးသားများ အဖွဲ့(ဂျပန်) PMNS(JP)မှ ယနေ့ နေ့လည် ၁း၀၀-နာရီ မှ ညနေ ၄း၀၀-နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ် ကျင်းပပြုလုပ်ရခြင်းမှာ မွန်ဗမာ မုန်းတီးရေးအတွက် ကျင်းပရခြင်း မဟုတ်ကြောင်း ရှေးယခင်ကာလ ပဒေသရာဇ် စစ်ဘုရင်တွေ လက်နက်နိုင်ငံတော် အင်အား ပြိုင်ဆိုင် မှုတွေကြောင့် လူမျိုးတမျိုးနှင့်တမျိုး အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုကို သင်းခန်းစာ ယူနိုင်ကြပြီး နောင်တွင် တမြေထဲနေ တရေထဲသောက် တိုင်းရင်းသား ညီအကိုအခြင်းခြင်း တဦးအပေါ်တဥင်္ီး အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုမရှိစေဘဲ စည်းလုံးညီညွတ်စွာဖြင့် တန်းတူရည်တူရှိသော ဖက်ဒရယ် ပြည်ထောင်စု စနစ်တို့ အတူတကွ ချီတက် သွားနိုင်ရန်အတွက် ရည်ရွယ်၍ ယခုလို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းကို PMNS-Japan ဥက္ကဌ မင်းမျိုးချစ်မှ ရှင်းလင်း ပြောကြားသွားပါသည်.
ယနေ့အခမ်းအနားတွင် ဗုဓ္ဒဘာသာ မွန်လူမျိုးတို့၏ ထုံတမ်းစဉ်လာအရ ကွယ်လွန်သွားခဲ့ကြသည့် မိဘဖိုးဖွါးများကို အလှူဒါနပြုလုပ်ခြင်း ကုသိုလ်အမျှဘါဂ ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်းနှင့် တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးတို့အား ကြက်ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
No comments:
Post a Comment
Subscribe to:
Post Comments (Atom)
No comments:
Post a Comment